ရော်ဘာအစေးခြစ်လုပ်ငန်း

A d v e r t i s e m e n t With Us

April 25, 2020

တနင်္သာရီတိုင်းအတွင်း ညမထွက်ရအမိန့်ကြောင့် ရော်ဘာအစေးခြစ်လုပ်ငန်းများ အခက်ကြုံ

တိုင်းထဲက မြို့နယ်တွေမှာ COVID -19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်တာကြောင့် ညဘက်မှာ လုပ်ကိုင်ရတဲ့ ‌ရော်ဘာအစေးခြစ်လုပ်ငန်းတွေ အခက်အခဲ ဖြစ်ပေါ်နေပါတယ်။  ရော်ဘာပင် စိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းကို တနင်္သာရီတိုင်းထဲမှာ အဓိကလုပ်ကိုင်နေကြတာပါ။  တနင်္သာရီတိုင်းထဲက မြို့နယ်တွေမှာ ဧပြီလ ၁၈ ရက်နေ့ကစပြီး ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်တာကြောင့် ညပိုင်းမှသာ လုပ်ကိုင်ရတဲ့ ရော်ဘာအစေးခြစ်လုပ်သားတွေ အခက်အခဲ ဖြစ်ပေါ်နေကြတယ်လို့ စန္ဒဝတ်ကျေးရွာအုပ်စု ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ  ဦးဆန်းမင်းဦးက ပြောပါတယ်။ ဒါကြောင့် ရော်ဘာအစေးခြစ်လုပ်သားတွေ ညပိုင်းအချိန်မှာ တရားဝင် လုပ်ငန်းခွင် သွားရောက်ဖို့အတွက် အသိမှတ်ပြုကတ်ပြားတွေ ပြုလုပ်ခွင့်ရရှိအောင် တာဝန်ရှိသူတွေကို ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ တိုင်းဒေသကြီးအစိုးရအနေနဲ့ အခြေခံလူတန်းစားတွေ စားဝတ်နေရေး အဆင်ပြေစေမယ့် နည်းလမ်းတွေကို စဉ်းစားပြီး ဆောင်ရွက်သွားမယ်လို့ တိုင်းအစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက ပြောပါတယ်။ တနင်္သာရီတိုင်းထဲက ခရိုင်သုံးခုမှာတော့ မြိတ်ခရိုင်အတွင်းမှာ ‌ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုအများဆုံးဖြစ်ပြီး စိုက်ပျိုးဧက ၁ သိန်း ၄ သောင်းကျော်နဲ့ ရော်ဘာအစေးခြစ်လုပ်ငန်းလုပ်ကိုင်သူ လုပ်သား ၃ သောင်းခွဲ ဝန်းကျင်ရှိပါတယ်။  တိုင်းအတွင်း အခုလို ဒေသန္တရအမိန့်ထုတ်ပြန်ပြီးတဲ့နောက် မြိတ်မြို့နယ်အတွင်းမှာ ညအချိန်မတော် ထွက်ရှိသူ ၁၄ ဦးကို အရေးယူဆောင်ရွက်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကိုအောင်ကျော်
10 months Ago
Up