ရော်ဘတ်ဆန်

November 16, 2020

စလိုဗက်ကီးယားအသင်းနှင့် ယှဉ်ပြိုင်မည့် စကော့တလန် လူစာရင်းတွင် ရော်ဘတ်ဆန် မပါဝင်

စလိုဗက်ကီးယားအသင်းနဲ့ ယှဉ်ပြိုင်မယ့် စကော့တလန်အသင်းရဲ့ လူစာရင်းမှာ အသင်းခေါင်းဆောင် အန်ဒီရော်ဘတ်ဆန် ပါဝင်ခဲ့ခြင်း မရှိပါဘူး။  လီဗာပူး နောက်ခံလူဟာ ကြာသပတေးနေ့မှာ ကစားခဲ့တဲ့ ဆားဘီးယားအသင်းနဲ့ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းမှုမှာလည်း တံကောက်ကြောဒဏ်ရာ အခြေအနေကြောင့် ကန်သွင်းခဲ့ခြင်း မရှိပါဘူး။ ရော်ဘတ်ဆန်ဟာ စလိုဗက်ကီးယားအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ဖို့ မသေချာတဲ့ အနေအထားမှာ ရှိတယ်လို့ စကော့တလန်အသင်းနည်းပြ စတိဗ်ကလပ်ခ်က မနေ့က ပြောဆိုခဲ့ကာ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ အသင်းလူစာရင်းမှာ ရော်ဘတ်ဆန်ဟာ အရန်လူစာရင်းမှာတောင် မပါဝင်ခဲ့တာလည်း တွေ့ခဲ့ရပါတယ်။ ရော်ဘတ်ဆန်ရဲ့ ဒဏ်ရာအခြေအနေဟာ လီဗာပူးအသင်းအတွက် နောက်ထပ်ထိုးနှက်ချက် တစ်ခုဖြစ်လာပြီး နည်းပြ ယာဂန်ကလော့ပ်ကတော့ အားထားရတဲ့ ဘယ်နောက်ခံလူရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီ ဖြစ်ပါတယ်။ ကလော့ပ်ဟာ အသင်းရဲ့နောက်တန်းမှာ ဗန်ဒိုက်ကို ဒူးဒဏ်ရာကြောင့် ကာလရှည် ဆုံးရှုံးထားရပြီ ဖြစ်ကာ ဂိုးမက်ဇ်ဟာလည်း နိုင်ငံအသင်းနဲ့အတူ ရှိနေစဉ်မှာ ဒူးဒဏ်ရာ ရရှိခဲ့တာကြောင့် ကာလရှည်အနားယူရတော့မှာ ဖြစ်ပါတယ်။  အာနိုးနဲ့ ဖာဘင်ဟိုတို့ဟာလည်း ဒဏ်ရာကြောင့် အနားယူနေရတာကြောင့် ရော်ဘတ်ဆန်ရဲ့ ဒဏ်ရာသာ ပြင်းထန်ခဲ့မယ်ဆိုရင် ကလော့ပ်ဟာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ကစားရမယ့် လက်စတာအသင်းနဲ့ပွဲမှာ ပင်မနောက်ခံလူတွေ မပါတဲ့ လူစာရင်းတစ်ခုကို ဖန်တီးရတော့မှာ ဖြစ်ပါတယ်။  ကလော့ပ်အနေနဲ့ စကော့တလန်လူစာရင်းမှာ ရော်ဘတ်ဆန်‌ မပါဝင်နိုင်တာဟာ ကြိုတင်ကာကွယ်တဲ့ လုပ်ရပ်တစ်ခု ဖြစ်စေဖို့ မျှော်လင့်ရမှာဖြစ်ပြီး ဒဏ်ရာအတိမ်အနက်ကိုတော့ လာမယ့်ရက်တွေမှာ သိရမှာဖြစ်ပါတယ်။
5 months Ago

လီဗာပူး နောက်ခံလူ ရော်ဘတ်ဆန် စကော့တလန်အတွက် ကစားပေးစဉ် ဒဏ်ရာရရှိ

လီဗာပူးနောက်ခံလူ ရော်ဘတ်ဆန်ဟာ စကော့တလန်အသင်းနဲ့ ကစားစဉ် ဒဏ်ရာရခဲ့လို့ အနားယူနေရပါတယ်။  နောက်ခံလူတွေဒဏ်ရာရနေတဲ့ လီဗာပူးအသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့ပြီး ဗန်ဒိုက်၊ ဂျိုးဂိုမက်ဇ်၊ အာနိုးလ်နဲ့ ဖာဘင်ညိုတို့ဟာလည်း ဒဏ်ရာကိုယ်စီ ရရှိထားကြတာပါ။  စကော့တလန်အသင်း ခေါင်းဆောင် ရော်ဘတ်ဆန်ဟာ ဆားဘီးယားကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပါတယ်။  အဲဒီနောက် တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် ဆလိုဗက်ကီးယားကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။ နိုဝင်ဘာ ၁၉ ရက်မှာ အစ္စရေးနဲ့ ကစားမယ့်ပွဲမှာ ပြန်လည်ပါဝင်နိုင်ဖို့ မသေချာသေးဘဲ လီဗာပူးအသင်းရဲ့ ပွဲစဉ်တွေကိုလည်း လွဲချော်ဖွယ်ရှိနေပါတယ်။
5 months Ago

May 11, 2020

နောက်ခံလူအာနိုးလ် ကွင်းလယ်တွင် ပြောင်းလဲကစားနိုင်ဟု ရော်ဘတ်ဆန် သုံးသပ်

လီဗာပူးနောက်ခံလူ အာနိုးလ်ဟာ ကွင်းလယ်မှာ ပြောင်းလဲကစားဖို့အတွက် စဉ်းစားနေတယ်လို့ အသင်းဖော် ရော်ဘတ်ဆန်က ပြောလိုက်ပါတယ်။  ညာနောက်ခံလူ အာနိုးလ်ဟာ လီဗာပူးအသင်းမှာ ခြေစွမ်းပြသနေပြီး ဂိုးဖန်တီးမှုအများ ဆုံး နောက်ခံလူအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။  အာနိုးလ်ဟာ ကမ္ဘာ့အကောင်းဆုံးအစွန်နောက်ခံလူတဦး ဖြစ်နိုင်ပြီး ပရိသတ်တွေက ကွင်းလယ်မှာ တက်ကစားစေချင်တဲ့ ဆန္ဒရှိနေကြတယ်လို့ ရော်ဘက်ဆန်ကပြောပါတယ်။ သူ့ရဲ့အသက်အရွယ်က ၂၁ နှစ်သာရှိသေးတာကြောင့် ပိုကောင်းတဲ့ခြေစွမ်းတွေ ပြသလာနိုင်ဖို့လည်းရှိနေပြီး တခြားတစ်နေရာမှာ ပြောင်းကစားဖို့လည်း ဖြစ်နိုင်တယ်လို့ ရောဘတ်ဆန်က သုံးသပ်ခဲ့ပါတယ်။  ကွင်းလယ်မှာ ကစားနိုင်ဖို့အတွက် အသင်းခေါင်းဆောင် ဟန်ဒါဆန်ကလည်း ကူညီပေးနေပြီး သူ့ရဲ့ဘောလုံးပေးပို့ပုံနဲ့ နာလည်မူစွမ်းရည်တွေအရ ကွင်းလယ်ကစားသမားဖြစ်နိုင်သူလို့လည်း ရော်ဘတ်ဆန်က အာနိုးလ်ကိုချီးကျူးခဲ့ပါတယ်။ 
11 months Ago
Up