ရော်နယ်ဒိုတိုက်တွန်း

December 24, 2020

ဖီအိုရင်တီးနားနှင့်ရှုံးပွဲအတွက် ဆင်ခြေမပေးရန် ဂျူဗင်ကစားသမားများကို ရော်နယ်ဒိုတိုက်တွန်း

ဖီအိုရင်တီးနားနဲ့ ရှုံးပွဲအတွက် ဆင်ခြေမပေးကြဖို့ ဂျူဗင်တပ်ကစားသမားတွေကို စီရော်နယ်ဒိုက တိုက်တွန်းလိုက်ပါတယ်။  ဂျူဗင်တပ်အသင်းဟာ ဖီအိုရင်တီးနားနဲ့ပွဲမှာ ကွာဒရာဒို အနီကတ်နဲ့ အထုတ် ခံခဲ့ရတာကြောင့် အားနည်းသွားခဲ့ပြီး အိမ်ကွင်းမှာ ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့တာပါ။  ဖီအိုရင်တီးနား နဲ့ ပွဲစဉ်က ခြေစွမ်းညံ့ဖျင်းခဲ့ပြီး လက်ခံနိုင်စရာမရှိကြောင်းနဲ့ ကစားသမာတွေအနေနဲ့ ဘာကိုမှ ဆင်ခြေပေးစရာမရှိကြောင်း ပွဲအပြီးမှာ ရော်နယ်ဒိုက ပြောသွားခဲ့တာပါ။  ဒါ့အပြင် ပရိသတ်တွေ ကွင်းထဲမရှိတာတွေ၊ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေနဲ့ ပွဲစဉ်ဇယားကျပ်မှုတွေကို ဆင်ခြေပေးနေလို့မရဘဲ ကိုယ့်ခြေစွမ်းကိုသာ အကောင်းဆုံးပြသကြဖို့ အသင်းဖော်တွေကို ရော်နယ်ဒိုကို တိုက်တွန်းခဲ့တာပါ။  ဂျူဗင်တပ်အသင်းသားတွေ ဖြစ်တာကြောင့် ကွင်းထဲမှာ ထူးခြားကောင်းမွန်တဲ့ ခြေစွမ်းမပြနိုင်ပါက လက်ခံစရာမရှိကြောင်းနဲ့ ပိုကောင်းအောင် ကစားပြနိုင်ဖို့ လိုအပ်တယ်လို့ ရော်နယ်ဒိုက အင်စတာဂရမ်ကနေ ရေးသားသွားခဲ့ပါတယ်။
10 months Ago
Up