ရော်နယ်ဒို

December 10, 2022

ရော်နယ်ဒိုနှင့်ပတ်သက်သည့် အငြင်းပွားဖွယ်ရာကိစ္စများကို ရပ်တန့်ချိန်တန်ပြီဟု ဆန်းတို့စ်ပြော

ရော်နယ်ဒိုနဲ့ ပတ်သက်တဲ့ အငြင်းပွားဖွယ်ရာကိစ္စတွေကို ရပ်တန့်ချိန်တန်ပြီလို့ ပေါ်တူဂီနည်းပြ ဆန်းတို့စ်ကပြောပါတယ်။

ရော်နယ်ဒိုဟာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီးနောက်မှာ အသင်းကနေ ထွက်ခွာချင်နေကြောင်း သတင်းတွေက ဖော်ပြခဲ့ကြတာပါ။

ပေါ်တူဂီနည်းပြ ဆန်းတို့စ်ကတော့ ရော်နယ်ဒိုဘက်က အသင်းကနေ ထွက်ချင်တယ်လို့ တစ်ကြိမ်တစ်ခါမှ မပြောဖူး ကြောင်း၊ အဲဒီလို အခြေအမြစ်မရှိတဲ့ ပြောဆိုမှုတွေကို ရပ်တန့်ရမယ့် အချိန်ရောက်ရှိနေပြီဖြစ်ကြောင်း နည်းပြ ဆန်းတို့စ်က ပြောပါတယ်။

ရော်နယ်ဒိုဟာ ပွဲထွက်လူစာရင်းမှာအမြဲတမ်းပါဝင်ကစားနိုင်သူဖြစ်တာ ကြောင့် ပွဲထွက်ခွင့်မရတဲ့အချိန်မှာ ပျော်ရွှင်မှုမရှိတာက ထူးဆန်းတဲ့ကိစ္စမဟုတ်ဘဲ နည်းပြအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံနိုင်သူဖြစ်ကြောင်း ဆန်းတို့စ်ကရှင်းပြသွားခဲ့ပါတယ်။

6 hours Ago

December 1, 2022

ဆော်ဒီကလပ်နှင့် တစ်နှစ်လုပ်ခ ပေါင် ၁၇၃ သန်းတန်စာချုပ် ချုပ်ဆိုရန် ရော်နယ်ဒို သဘောတူ

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်လ်နာဆာနဲ့ တစ်နှစ်လုပ်ခပေါင် ၁၇၃ သန်းတန် စာချုပ်ချုပ်ဆိုဖို့ အကြိုသဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။

စပိန်သတင်းစာမာကာရဲ့ ဖော်ပြချက်အရ အသင်းလက်မဲ့ဖြစ်နေတဲ့ရော်နယ်ဒိုဟာ ဆော်ဒီကလပ်ရဲ့ မက်မောဖွယ်ရာ စာချုပ်ကို လက်ခံသဘောတူညီထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ စာချုပ်ချုပ်ဆိုဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ ၂ နှစ်ခွဲစာချုပ်ချုပ်ဆိုဖို့ရှိတယ်လို့သိရပါတယ်။ အယ်လ်နာ ဆာဟာ ဆော်ဒီနိုင်ငံရဲ့ ထိပ်တန်းကလပ်အသင်းတစ်သင်းဖြစ်ပြီး ၉ ကြိမ်ချန်ပီယံဖြစ်ဖူးပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း လိဂ်ချန်ပီယံမဖြစ်ခဲ့ပေမယ့် ဆော်ဒီစူပါဖလားချန်ပီယံဆုရခဲ့ပါတယ်။ အသင်းနည်းပြချုပ်အဖြစ် ရိုးမား၊ မာဆေးနဲ့ လီယွန်အသင်းတွေကို နည်းပြဖူးတဲ့ ပြင်သစ်နည်းပြ ရူဒီဂါစီယာက တာဝန်ယူကိုင်တွယ်နေပါတယ်

1 week Ago
More News
Up