ရော်ဂျာဖလား

August 12, 2019

ရုရှားနိုင်ငံသား မက်ဗီဒက်ကို အနိုင်ယူပြီး ရာဖေးလ်နဒါးလ် ရော်ဂျာဖလားဗိုလ်စွဲ

စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နဒါးလ်ဟာ ရော်ဂျာဖလားဗိုလ်လုပွဲမှာ ပြိုင်ဘက် ရုရှားနိုင်ငံသား ဒန်နေးလ်မက်ဗီဒက်ကို  ၆-၃၊ ၆-၀ နဲ့ အနိုင်ယူပြီး ပြိုင်ပွဲရဲ့ ၅ ကြိမ်မြောက်ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ကနေဒါနိုင်ငံ မောင့်ရီးရဲမှာ ကျင်းပပြုလုပ်တဲ့ အဲဒီပြိုင်ပွဲမှာ အခုတကြိမ် ရရှိခဲ့တဲ့ ဆုဖလားနဲ့ဆိုရင် မာစတာ ၁၀၀၀ ပြိုင်ပွဲတွေမှာ ၃၅ ဆုမြောက်ရရှိခဲ့တဲ့ ချန်ပီယံဆုလည်း ဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ နဒါးလ်ဟာ လက်ရှိ ကမ္ဘာ့အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ပြိုင်ပွဲကနေ ဆုကြေးငွေ ၄ ဒသမ ၆ သန်းကျော် ရရှိခဲ့ပါတယ်။ နဒါးလ်အတွက် အခုပြိုင်ပွဲဟာ မြေးစေးကွင်း မဟုတ်တဲ့ မြေမာကွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကာကွယ်နိုင်ခဲ့တဲ့ ချန်ပီယံဆုဖလားလည်း ဖြစ်ပါတယ်။ နဒါးလ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ မက်ဗီဒက်ကတော့ အေတီပီရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၉ နေရာမှာ ရှိနေပြီး ပြိုင်ပွဲတလျှောက်လုံးမှာ ကမ္ဘာ့နံပါတ် ၁၀ အတွင်းမှာရှိနေတဲ့ ကစားသမားနှစ်ဦးကို ကျော်ဖြတ်ခဲ့ရပေမယ့် ဗိုလ်လုပွဲမှာတော့ စပိန်သားကို လက်ရည်ချင်း မယှဉ်နိုင်ဘဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ႐ုရွားႏိုင္ငံသား မက္ဗီဒက္ကို အႏိုင္ယူၿပီး ရာေဖးလ္နဒါးလ္ ေရာ္ဂ်ာဖလားဗိုလ္စြဲ စပိန္တင္းနစ္အေက်ာ္အေမာ္ ရာေဖးလ္နဒါးလ္ဟာ ေရာ္ဂ်ာဖလားဗိုလ္လုပြဲမွာ ၿပိဳင္ဘက္ ႐ုရွားႏိုင္ငံသား ဒန္ေနးလ္မက္ဗီဒက္ကို  ၆-၃၊ ၆-၀ နဲ႔ အႏိုင္ယူၿပီး ၿပိဳင္ပြဲရဲ႕ ၅ ႀကိမ္ေျမာက္ခ်န္ပီယံ ျဖစ္ခဲ့ပါတယ္။ ကေနဒါႏိုင္ငံ ေမာင့္ရီးရဲမွာ က်င္းပျပဳလုပ္တဲ့ အဲဒီၿပိဳင္ပြဲမွာ အခုတႀကိမ္ ရရွိခဲ့တဲ့ ဆုဖလားနဲ႔ဆိုရင္ မာစတာ ၁၀၀၀ ၿပိဳင္ပြဲေတြမွာ ၃၅ ဆုေျမာက္ရရွိခဲ့တဲ့ ခ်န္ပီယံဆုလည္း ျဖစ္ပါတယ္။ အသက္ ၃၃ ႏွစ္အ႐ြယ္ရွိေနၿပီ ျဖစ္တဲ့ နဒါးလ္ဟာ လက္ရွိ ကမာၻ႔အဆင့္ ၂ ေနရာမွာ ရပ္တည္ေနၿပီး ၿပိဳင္ပြဲကေန ဆုေၾကးေငြ ၄ ဒသမ ၆ သန္းေက်ာ္ ရရွိခဲ့ပါတယ္။ နဒါးလ္အတြက္ အခုၿပိဳင္ပြဲဟာ ေျမးေစးကြင္း မဟုတ္တဲ့ ေျမမာကြင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ ကာကြယ္ႏိုင္ခဲ့တဲ့ ခ်န္ပီယံဆုဖလားလည္း ျဖစ္ပါတယ္။ နဒါးလ္နဲ႔ ယွဥ္ၿပိဳင္ခဲ့တဲ့ မက္ဗီဒက္ကေတာ့ ေအတီပီရဲ႕ ကမာၻ႔အဆင့္သတ္မွတ္ခ်က္ ၉ ေနရာမွာ ရွိေနၿပီး ၿပိဳင္ပြဲတေလွ်ာက္လုံးမွာ ကမာၻ႔နံပါတ္ ၁၀ အတြင္းမွာရွိေနတဲ့ ကစားသမားႏွစ္ဦးကို ေက်ာ္ျဖတ္ခဲ့ရေပမယ့္ ဗိုလ္လုပြဲမွာေတာ့ စပိန္သားကို လက္ရည္ခ်င္း မယွဥ္ႏိုင္ဘဲ ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။
2 years Ago
Up