ရော်ဂျာဖက်ဒါးရား

A d v e r t i s e m e n t With Us

June 11, 2020

ဒူးဒဏ်ရာကြောင့် ဖက်ဒါးရား ၂၀၂၀ နှစ်ကုန်အထိ အနားယူရမည်

ဆွစ်ဇာလန် တင်းနစ်ကစာသးမား ရော်ဂျာဖက်ဒါးရားဟာ ဒူးဒဏ်ရာ ထပ်မံ ခွဲစိတ်ကုသရမှာဖြစ်လို့ ၂၀၂၀ ပြည့်နှစ်ကုန်အထိ အနားယူရတော့မှာဖြစ်ပါတယ်။  ဖက်ဒါးရားဟာ အခုနှစ်အတွင်းမှာ ဒူးဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရပြီး  သြစတြေးလျ အိုးပင်းဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဂျိုကိုဗစ်ကို ရှုံးနိမ့်ခဲ့ရပါတယ်။ အဲဒီပွဲစဉ်က အခုနှစ်အတွင်း နောက်ဆုံးပြိုင်ပွဲလည်းဖြစ်ပါတယ်။ အဲဒီနောက် ဖေဖော်ဝါရီ‌ေအတွင်းမှာ ဒူးဒဏ်ရာကို ခွဲစိတ်ကုသခဲ့ပေမယ့် နောက်ဆက်တွဲဒဏ်ရာပြဿနာ ထပ်ဖြစ်ခဲ့တာပါ။  ပရိသတ်တွေနဲ့ ပွဲစဉ်တွေကို လွမ်းဆွတ်နေမှာဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွင်းမှာ ယှဉ်ပြိုင်မယ့်ပွဲစဉ်တွေမှာ ပြန်လည်ကစားနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ဖက်ဒါးရားက တွစ်တာကနေ ပြောပါတယ်။  အသက် ၃၈ နှစ်အရွယ် ဖက်ဒါးရားဟာ ဂရင်းစလင်းချန်ပီယံ အကြိမ် ၂၀ အထိ ရရှိထားသူဖြစ်ပါတယ်။ 
9 months Ago
Up