ရောနယ်ဒို

March 16, 2020

ရေ်ာနယ်ဒိုပိုင် ဟိုတယ်ကို ဆေးရုံအဖြစ်ပြောင်းမည့်သတင်း မဟုတ်ဟု တာဝန်ရှိသူပြော

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဟိုတယ်တခုကို ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ယာယီကုသဆောင်အဖြစ် ပြောင်းလဲသွားမယ်ဆိုတဲ့ သတင်းတွေဟာ မှားယွင်းနေတယ်လို့ ဟိုတယ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီမြေမှာရှိတဲ့ သူပိုင်ဆိုင်ရာ ဟိုတယ်နှစ်ခုထဲက တခုကို ဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရေးအတွက် ဆေးရုံအဖြစ် ပြောင်းလဲအသုံးပြုခွင့်ပေးသွားဖို့ ရှိနေတယ်လို့ စပိန် သတင်းစာ Marca မှာဖော်ပြခဲ့ပါတယ်။ ကိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုဟာ တဖြည်းဖြည်း ဆိုးရွားလာနေပြီး ကမ္ဘာတဝန်း ကူးစက်ခံရသူ ၁၆၉၆၁၀ နဲ့ လူ ၆၅၁၈ ဦး သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။  ရော်နယ်ဒိုရဲ့ ပေါ်တူဂီနိုင်ငံမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် မြင့်တက်လာခဲ့ပြီး ၂၄၅ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။ ဒီအချိန်မှာ ဟိုတယ်ကို ဆေးရုံအဖြစ်  အသုံးပြုခွင့်ပေးမယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့တာဖြစ်ပြီး လစ်ဘွန်းမြို့မှာရှိတဲ့ ဟိုတယ်ဝန်ထမ်းတွေကတော့ ဒီအစီအစဉ်ကို လုံးဝသိရှိထားခြင်း မရှိဘူးလို့ ပြောပါတယ်။ “ဆေးရုံအဖြစ်ပြောင်းလဲသွားဖို့ မရှိပါဘူး။ ကျနော်တို့ဟာ ဟိုတယ်အမှုထမ်းတွေ ဖြစ်ပြီးတာ့ ဟိုတယ်ဟာလည်း ဟိုတယ်အဖြစ်ပဲ ဆက်ရှိနေပါမယ်” လို့ ဟိုတယ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးက ဒတ်ချ်သတင်းစာ RTL Nieuws ကို ပြောပါတယ်။ ဂျူဗင်တပ်စ်တိုက်စစ်မှူးဟာ အီတလီမြောက်ပိုင်းမှာ ဗိုင်းရပ်စ်ကူးစက်မှု ဆိုးရွားနေတာကြောင့် မွေးရပ်မြေကို ပြန်လည်ရောက်ရှိနေပြီး ထွက်ပေါ်နေတဲ့ သတင်းတွေအပေါ် တစုံတရာ ပြောဆိုခြင်းတော့ မရှိသေးပါဘူး။
2 years Ago
Up