ရောင်းအား ၅ ရာခိုင်နှုန်းမြင့်

December 7, 2020

တရုတ်အခြေစိုက်လက်နက်ကုမ္ပဏီ၄ ခု ရောင်းအား ၅ ရာခိုင်နှုန်းမြင့်တက်

တရုတ်နိုင်ငံရဲ့ အကြီးဆုံးလက်နက်ကုမ္ပဏီ ၄ ခုကနေ လက်နက်ရောင်းအားဟာ ၂၀၁၉မှာ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ပဋိပက္ခနဲ့ လက်နက်တပ်ဆင်မှုဆိုင်ရာ ထိပ်တန်းတတ်သိပညာရှင် အဖွဲ့က ဒီဇင်ဘာ ၇ ရက်မှာ ပြောပါတယ်။ ဆွီဒင်အခြေစိုက် စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနဌာန (SIPRI) ကလည်း တရုတ်ကုမ္ပဏီတွေက သတင်းအချက်အလက်တွေကို ပထမဆုံးအနေနဲ့ ကမ္ဘာ့အကြီးဆုံး လက်နက် ထုတ်လုပ်သူ ကုမ္ပဏီကြီး ၂၅ ခုစာရင်းအတွက် သူ့ရဲ့ နှစ်စဉ် အဆင့်သတ်မှတ်ချက်ထဲမှာ ထည့်သွင်းခဲ့ပြီးပြီလို့ ပြောပါတယ်။ စာရင်းဝင် တရုတ်ကုမ္ပဏီ ၄ ခုဟာ တရုတ်လေကြောင်း ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း (AVIC)၊ တရုတ် အီလက်ထရောနစ် နည်းပညာအုပ်စုကော်ပိုရေးရှင်း (CETC)၊ တရုတ်မြောက်ပိုင်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအုပ်စု (NORINCO) နဲ့ တရုတ်တောင်ပိုင်း ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းအုပ်စု (CSGC) တို့ ဖြစ်ပြီး SIPRI က အဲဒီ ကုမ္ပဏီ ၄ ခုကို ကမ္ဘာ့ အကြီးဆုံး အဆင့် ၆၊ ၈၊ ၉ နဲ့ ၂၄ တို့မှာ အသီးသီး သတ်မှတ်ပေးထားပါတယ်။ တရုတ်လက်နက်ကုမ္ပဏီတွေဟာ ပြည်သူ့လွတ်မြောက်ရေးတပ်အတွက် စစ်တပ် ခေတ်မီ ရေးအစီအစဉ်တွေကနေ အကျိုးအမြတ် ရနေကြတယ်လို့ SIPRI ရဲ့ အကြီးတန်း သုတေသီ နန်းတျန့်က အစီရင်ခံစာနဲ့အတူ ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။ တရုတ်နဲ့ သူ့ရဲ့ စစ်ရေးအင်အား တိုးလာတာကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ အတ္တလန္တိတ် မဟာမိတ်တွေအနေနဲ့ ပိုပြီး ပြင်းပြင်းထန်ထန် စဉ်းစားရလိမ့်မယ်လို့ အရင်အပတ်က နေတိုးအဖွဲ့ ပြုပြင် ပြောင်းလဲရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တတ်သိပညာရှင်အဖွဲ့ဟာ တရုတ်ကုမ္ပဏီတွေ နဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ သတင်းအချက် အလက် ကင်းမဲ့တယ်လို့ ပြောရင်း ကမ္ဘာ့အဆင့်စာရင်း စီတဲ့အထဲမှာ ထည့်သွင်း အစီရင်ခံတာမျိုး အရင်က မလုပ်ခဲ့ပါဘူး။
5 months Ago
Up