ရောင်းချရန်ကိစ္စ

October 22, 2019

မန်ယူအသင်းကို ဆော်ဒီမင်းသားထံ ရောင်းချရန်ကိစ္စ အသင်းတာဝန်ရှိသူ ပြန်ဖြေရှင်း

အသင်းကို ရောင်းချဖို့ ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက်အသင်းဘက်က ဖြေရှင်းလိုက်ပါတယ်။  မန်ယူအသင်းကို ဆော်ဒီမင်းသားမိုဟာမက် ဘင်ဆယ်လ်မန်က ပေါင် ၃ ဘီလီယံခန့်နဲ့ ဝယ်ယူဖို့ ကမ်းလှမ်းထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ကတော့ အသင်းကို ရောင်းချဖို့အတွက် ဆွေးနွေးမှုမရှိကြောင်း အတည်ပြုပြောပါတယ်။  အသင်းပိုင်ရှင်တွေဟာ အသင်းကို ရေရှည်ကာလအထိ ဆက်လက်ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပြီး ရောင်းချဖို့မရှိကြောင်း အက်ဒ်ဝုဒ်က ပြောပါတယ်။  မန်ယူအသင်း ပရိသတ်တချို့ဟာ အသင်းရဲ့ စီမံခန့်ခွဲမူတွေနဲ့ ပတ်သက်ပြီး အားမလိုအားမရ ဖြစ်နေကြပြီး လီဗာပူးနဲ့ ပွဲစဉ်မတိုင်ခင်ကလည်း အသင်းပိုင်ရှင် ဂလေဇာ မိသားစုနဲ့ အမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါ့ဒ်တို့ကို အသင်းကနေ နုတ်ထွက်ဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ 
2 years Ago
Up