ရောင်းချရန်

August 17, 2020

မက်ဆီနှင့် ကစားသမားအချို့ကလွဲပြီး ကစားသမားအားလုံးကို ရောင်းချရန် ဘာစီလိုနာ ပြင်ဆင်

ဘာစီလိုနာအသင်းဟာ မက်ဆီနဲ့ ကစားသမားတချို့ကလွဲပြီး ကျန်ကစားသမားတွေကို ရောင်းထုတ်သွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။  ဘိုင်ယန်မြူးနစ်ကို ၈ ဂိုး - ၂ ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီးနောက်မှာ အသင်းရဲ့ ကစားသမားစာရင်းကို အကြီးစား ပြုပြင်ပြောင်းလဲသွားဖို့ ဘာစီလိုနာက ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ အသင်းခေါင်းဆောင် မက်ဆီ၊ ကွင်းလယ်လူ ဖရန့်ကီဒီဂျောင်၊ လူငယ်တိုက်စစ်မှူး အန်းဆုဖက်တီနဲ့ ဂိုးသမား စတီဂျန်တို့ကလွဲပြီး တခြားကစားသမားတွေအားလုံးကို ရောင်းထုတ်ဖို့ ပြင်ဆင်ထားကြောင်း စပိန်နာမည်ကြီးသတင်းစာ မန်ဒိုဒီပို့တီဗိုက ရေးသားဖော်ပြခဲ့ပါတယ်။  အသက် ၃၃ နှစ်ရှိလာတဲ့ တိုက်စစ်မှူးဆွာရက်ဇ်၊ ဂရစ်မန်းဇ်နဲ့ တောင်ပံကစားသမား ဒမ်ဘီလီတို့လိုနာမည်ကြီးကစားသမားတွေကိုပါ ရောင်းချဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။  ဒါ့အပြင် ရာကီတစ်၊ အမ်တီတီ၊ ဒမ်ဘီလီ၊ ပီကေး အစရှိသူတွေလည်း ရောင်းချမယ့် စာရင်းမှာ ပါတယ်လို့ သိရပါတယ်။
8 months Ago

May 5, 2020

ပေါ့ဘာကို ရောင်းချရန် မန်ယူကစားသမားဟောင်း ပေါလ်အင့် တိုက်တွန်း

ပေါ့ဘာကို ရောင်းချသင့်ပြီလို့ မန်ယူကစားသမားဟောင်း ပေါလ်အင့်က တိုက်တွန်းလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာဟာ အခုနှစ်ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် စုစုပေါင်း ၈ ပွဲသာ ကစားပေးထားပါတယ်။ ဒဏ်ရာရရှိနေချိန်မှာ အပြောင်းအရွှေ့သတင်းတွေ အမြဲတမ်းထွက်ပေါ်ခဲ့ပြီး သူ့ရဲ့အေးဂျင့်ဖြစ်သူနဲ့ အသင်းနည်းပြ ဆိုးလ်ရှားတို့အကြားမှာလည်း တင်းမာမှုတွေ ရှိခဲ့တာပါ။  မန်ယူကစားသမားဟောင်း ပေါလ်အင့်ကတော့ ပေါ့ဘာနဲ့ သူ့ရဲ့အေးဂျင့်တို့ရဲ့ အပြုအမူတွေဟာ တခြားကစားသမားတွေကိုပါ လမ်းလွဲရောက်နိုင်ပြီး ပေါ့ဘာအနေနဲ့ အသင်းမှာ ဆက်ရှိဖို့ မဖြစ်နိုင်တော့ဘဲ ရောင်းချသင့်ပြီလို့ တိုက်တွန်းခဲ့တာပါ။  နည်းပြဆိုးလ်ရှားအနေနဲ့ ပေါ့ဘာကို ရောင်းချလိုက်လို့ ဘာပြဿနာမှ မရှိနိုင်ကြောင်းနဲ့ လာမယ့်ရာသီမစခင်မှာ ဆုံးဖြတ်ချက်ချဖို့လိုကြောင်း ပေါလ်အင့်က တိုက်တွန်းလိုက်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ပေါ့ဘာကို ဂျူဗင်တပ်စ်၊ ရီးရဲလ်မက်ဒရစ်အသင်းတွေက ခေါ်ယူလိုနေပါတယ်။ 
11 months Ago
Up