ကိုဗစ်-၁၉ ကူးစက်ခံဖူးသူတွေဟာ အနည်းလေး ငါးလလောက် ရောဂါပြီးနိုင်ခြေရှိတယ်လို့ ဇန်နဝါရီ ၁၄ ရက်ထုတ် ဗြိတိန် သုတေသနတစ်ရပ်က ဆိုပါတယ်။
ဒါပေမဲ့ အဲဒီပဋိပစ္စည်းရှိသူတွေဟာ ဗိုင်းရပ်စ်ကို သယ်ဆောင် ပျံ့နှံ့စေနိုင်သေးတယ်ဆိုတဲ့ အထောက်အထားရှိတယ်လို့ လေ့လာချက်က ဆိုပါတယ်။
အရင်ကူးစက်မှုကနေ ကိုဗစ်ပဋိပစ္စည်း ရှိထားသူတွေမှာ ထပ်မံကူးစက်နိုင်ခြေ နည်းတယ်လို့ အင်္ဂလန် ပြည်သူ့ကျန်းမာရေး သိပ္ပံပညာရှင်တွေရဲ့ ကနဦးတွေ့ရှိချက်တွေက ဖော်ပြပါတယ်။
အရင်က ကူးစက်ဖူးသူ ၆,၆၁၄ ယောက်မှာ ထပ်မံကူးစက်သူ ၄၄ ယောက်ပဲ တွေ့ရတာပါ။ ဒါပေမဲ့ ကိုဗစ်ပထမလှိုင်းတုန်းက ကူးစက်ခံရသူတွေဟာ အခုဆိုရင် ထပ်ကူးစက်နိုင်ခြေ ရှိနိုင်တယ်လို့ တွေ့ရှိချက်တွေက ဆိုလိုတယ်လို့လည်း ကျွမ်းကျင်သူတွေက သတိပေးပါတယ်။
ကူးစက်မှုကနေ သဘာ၀အလျောက် ရောဂါအပေါ် ခံနိုင်ရည်ရှိလာသူတွေဟာ သူတို့နှာခေါင်းနဲ့ လည်ချောင်းတွေမှာ ဗိုင်းရပ်စ်ကို သယ်ဆောင်နိုင်ဆဲဖြစ်ပြီး မရည်ရွယ်ဘဲနဲ့ ဗိုင်းရပ်စ်ကို လက်ဆင့်ကမ်းနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။
1 month Ago