ရောဂါပိုးတွေ့

October 3, 2020

ဟင်္သာတတွင် ရန်ကုန်ပြန် ၇ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

အောက်တိုဘာ ၂ ရက်နေ့ ညက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ခဲ့တဲ့ စာရင်းအရ ဟင်္သာတမြို့က ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၇ ဦး ထပ်မံပါဝင်လာခဲ့ပြီး ရန်ကုန်က ပြန်လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်က ပြန်လာတဲ့သူတိုင်းကို ကွာရင်တင်းစင်တာတွေမှာ ထားတာဖြစ်တဲ့အတွက် လောလောဆယ်‌တော့ မြို့အတွက် စိတ်ပူစရာ မရှိပါဘူးလို့ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဌေးဌေးလှိုင်က ပြောပါတယ်။ စက်တင်ဘာ ၂၉ ရက်နေ့က ပေးပို့စစ်ဆေးထားတဲ့ ဓာတ်ခွဲနမူနာတွေရဲ့ စာရင်းအရ မနေ့ညက အဖြေထွက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ အားလုံးရဲ့ ကျန်းမာရေး အခြေအနေ ပုံမှန်အတိုင်း ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။  ပိုးတွေ့လူနာတွေကတော့ ဟင်္သာတမြို့ ဘေးစီမံက ၁ ဦး၊ အ.ထ.က (၄) ကွာရင်တင်းစင်တာက ၁ ဦးနဲ့ စစ်ကုန်းရေလဲက ၂ ဦး၊ နတ်မော်ကျေးရွာက ၂ ဦး၊ ရွာသစ်တောင်က ၁ ဦး ပါဝင်တယ်လို့ သိရပါတယ်။ ပိုးတွေ့လူနာ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၇ ဦးလုံး ဒီနေ့မနက် ဟင်္သာတခရိုင်ဆေးရုံကြီးကို ရောက်လာမယ်လို့ ဒေါက်တာဌေးဌေးလှိုင်က DVB ကို ပြောပါတယ်။ ဟင်္သာတခရိုင် ဆေးရုံကြီးမှာ ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းသွားသူ ၇ ဦးနဲ့ လက်ရှိ ကုသဆဲလူနာက ၄ ဦး၊ ထပ်မံတိုးလာတဲ့ ၇ ဦးပါအဝင် ပိုးတွေ့လူနာ ၁၁ ဦး ရှိတယ်လို့ သိရပါတယ်။ ဆေးရုံအုပ်ကြီးဒေါက်တာဌေးဌေးလှိုင်က “ကျမတို့ ဟင်္သာတခရိုင်‌ ပြည်သူ့ဆေးရုံကတော့ ကိုဗစ်-၁၉ ရောဂါကုသဖို့ဆိုရင်တော့ လူဦးရေ ၂၀ လောက်ထိတော့ ကုသလို့ရမှာ ဖြစ်တယ်” ပြောပါတယ်။
1 year Ago

October 2, 2020

ဒဂုံဆိပ်ကမ်း၌ ကွာရန်တင်းဝင်နေသူ ၁၀၇ ဦးထဲက ၅၀ ကျော် ရောဂါပိုးတွေ့

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ Quarantine Centre တွေမှာ Quarantine ဝင်နေသူ ၁၀၇ ဦးကို ဓာတ်ခွဲနမူနာ စစ်ဆေးရာမှာ အယောက် ၅၀ ကျော်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရဲ့ မြို့နယ်ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ အေးမူယာကျော်က အောက်တိုဘာ ၁ ရက်နေ့မှာ ပြောပါတယ်။  အသေးစိတ်စာရင်းတွေကိုပြုစုပြီး ကြေညာပေးဖို့ ရှိတယ်လို့လည်း ပြောပါတယ်။  ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ဩဂုတ် ၂၈ ရက်ကနေ အောက်တိုဘာ ၁ ရက်နေ့အထိ ပိုးတွေ့ရှိသူ စုစုပေါင်း ၁၁၃ ယောက်ရှိနေပြီဖြစ်ပါတယ်။  အဲ့ဒီထဲမှာ ၉၄ ရပ်ကွက်ကအ များဆုံးဖြစ်ပြီး သေဆုံးသူ ၁ ယောက်ရှိတယ်လို့ သိရပါတယ်။ သတင်း - အိသဇင်ခိုင်
1 year Ago
More News
Up