ရောဂါကာကွယ်ထိန်းချုပ်​ရေး

August 24, 2020

မြန်မာနိုင်ငံ၌ ၃ လခန့်အတွင်း Mask မတပ်သူ ၂၉၀၀၀ ကျော်ကိုဒဏ်ရိုက်၊ ကျပ်သိန်း ၁၀၀၀ ကျော်ရရှိ ​ 

​မြန်မာပြည်မှာ ကိုဗစ်-၁၉ ရောဂါကို  မတ်လ ၂၃ ရက်​နေ့က စတင်​တွေ့ရှိပြီး ဧပြီလနဲ့​ မေလ​တွေမှာ ကူးစက်မှု​တွေထပ်​တွေ့လာရပြီး​တဲ့​နောက် ​ရောဂါကာကွယ်ထိန်းချုပ်​ရေးအတွက် နှာ​ခေါင်းစည်းမတပ်ရင်ဒဏ်ရိုက်အ​ရေးယူတဲ့အစီအစဉ်ကို ပြည်နယ်နဲ့တိုင်း ​ဒေသန္တရအစိုးရ​တွေက စတင်ကျင့်သုံးလာပါတယ်။ ​မေလ ဒုတိယပတ်ကစလို့ ကျင့်သုံးလာတဲ့ ဒီအစီအစဉ်အရ ၃ လ ​လောက်အတွင်း လူ​ပေါင်း ၂၉၀၀၀ ​ကျော်ကို ဒဏ်ရိုက်အ​ရေးယူခဲ့ရာ  စုစု​ပေါင်းဒဏ်​ငွေ ကျပ် သိန်း၁၀၀၀​ကျော် ရရှိခဲ့​ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က သိရပါတယ်။ စာရင်း​တွေအရ​တော့ ​မေလဒုတိယပတ်ကစပြီး ​မေလကုန်အထိ လူ​ပေါင်း ၁၃၂၈၇​ ယောက်ကို ဒဏ်​ငွေ ကျပ်သိန်း ၄၆၀​ကျော် (၄၆၀၇၁၉၀၀ ကျပ်)၊ ဇွန်လ တစ်လတာအတွင်း လူ​ပေါင်း ၁၁၃၂၁​ ယောက်ကို ဒဏ်​ငွေကျပ်သိန်း ၃၉၀ နီးပါး (၃၈၈၂၀၀၀၀ ကျပ်)၊ ဇူလိုင်လအတွင်း လူ​ပေါင်း ၄၄၉၈ ​ယောက်ကို ဒဏ်​ငွေကျပ် ၁၅၉ သိန်း​ကျော် (၁၅၉၃၅၀၀၀ ကျပ်)၊ သြဂုတ် ၁ ရက်​က ၅ ရက်​နေ့အထိ လူ​ပေါင်း ၁၄၁ ​ယောက်ကို ဒဏ်​ငွေကျပ် ၅၈၀၀၀၀ နဲ့ အ​ရေးယူခဲ့​ကြောင်း စာရင်းဇယား​တွေအရသိရပါတယ်။ M‌ask မတပ်ရင် ဒဏ်ရိုက်မယ့်အစီအစဉ်ကို​ မေလ ဒုတိယပတ်​လောက်စပြီး၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းအပြင် ကျန်တိုင်းနဲ့ပြည်နယ်​တွေမှာ စတင်ခဲ့ပြီး စျေး​တွေအပြင် အများပြည်သူသွားလာရာ​နေရာ​တွေမှာ နှာ​ခေါင်းတပ်/မတပ် စစ်​ဆေးပြီး ဒဏ်ရိုက်အ​ရေးယူခဲ့တာ ဖြစ်ပါတယ်။
1 year Ago
Up