အမေရိကန်အစားအစာနဲ့ဆေးဝါးအုပ်ချုပ်ရေးအဖွဲ့(FDA)ရဲ့ ထောက်ခံချက်ကို စောင့်ဆိုင်း နေချိန်မှာပဲ ဒီဇင်ဘာ ၁၀ ရက်က ပင်ဆာဗေးနီးယားပြည်နယ် UPMC ပရက်စ်ဘီသီရီယန် ဆေးရုံကို ဖိုင်ဇာကိုဗစ်ကာကွယ်ဆေးဆိုင်ရာပစ္စည်းတွေ ရောက်လာပါတယ်။
UPS က ပို့ဆောင်တဲ့ စက္ကူသေတ္တာတွေထဲမှာ ကာကွယ်ဆေးမှတ်တမ်းကတ် ၊ နှာခေါင်းစည်း ၊ မျက်နှာကာ ၊ သတင်းအချက်အလက် စာရွက်နဲ့ ဆေးထိုးအပ်တွေ ပါဝင်ပါတယ်။
ဒါတွေအပြင် ကာကွယ်ဆေးဆိုင်ရာ ဆေးခန်းဖွင့်ဖို့ လိုအပ်တဲ့ တခြားပစ္စည်းတွေလည်း ပါဝင်တယ်လို့ ဆေးရုံက ပြောပါတယ်။
ဒီဇင်ဘာ ၁၀ ရက်မှာ FDA ရဲ့ ပြင်ပအကြံပေးအဖွဲ့က ဖိုင်ဇာထုတ် ကိုဗစ်ကာကွယ်ဆေး အရေးပေါ် အသုံးပြုဖို့ တခဲနက် ထောက်ခံခဲ့ပါတယ်။ ဒါဟာ ကိုဗစ်ကြောင် လူပေါင်း ၂၈၅,၀၀၀ ကျော် သေဆုံးခဲ့တဲ့ အမေရိကန် နိုင်ငံအဖို့ ကာကွယ်ဆေး အသုံးပြုခွင့်ရဖို့ လမ်းခင်းလိုက်တာပါ။
FDA အနေနဲ့ ရက်ပိုင်းအတွင်းအမေရိကန်မှာ ဖိုင်ဇာ ကိုဗစ်ကာကွယ်ဆေး အရေးပေါ် အသုံးပြုခွင့်ပြုဖို့ ထောက်ခံမယ်မျှော်လင့်ရတယ်လို့ ရိုက်တာက ရေးပါတယ်။
3 months Ago