ရေအောက်ကြမ်းပြင်

August 26, 2019

ဘာစီလိုနာမြို့ ကမ်းခြေတခု၏ ရေအောက်ကြမ်းပြင်တွင် ဖောက်ခွဲရေးပစ္စည်းတွေ့

စပိန်နိုင်ငံ ဘာစီလိုနာမြို့က ကမ်းခြေတခုရဲ့ ရေအောက်ကြမ်းပြင်မှာ ဖောက်ခွဲရေးပစ္စည်းတခု တွေ့ခဲ့တာကြောင့် သြဂုတ် ၂၅ ရက်နေ့က ကမ်းခြေလာသူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။  ရေအောက် ကြမ်းပြင်မှာ ဖောက်ခွဲရေးပစ္စည်းတခု ရှာဖွေတွေ့ခဲ့တဲ့ ရုပ်သံဖိုင်ကိုလည်း စပိန်ရဲတပ်ဖွဲ့က   ထုတ်ဖော်ပြသခဲ့ပါတယ်။  အဲဒီဖောက်ခွဲရေးပစ္စည်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ စပိန်ပြည်တွင်းစစ်အတွင်းက လက်နက်ပစ္စည်း ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။  ဘာစီလိုနာမြို့ရဲ့ အထင်ရှားဆုံး ကမ်းခြေတွေထဲက တခုဖြစ်တဲ့ ဆန့်ဆီဘာစတာကမ်းခြေရဲ့ ရေအောက်မှာ ဖောက်ခွဲရေးပစ္စည်း တွေ့ခဲ့တာကြောင့် အဲဒီနေရာရဲ့ ပေ ၈၀၀ ပတ်ဝန်းကျင်ကို ရဲတပ်ဖွဲ့က လုံခြုံရေး ကန့်သတ်ထားခဲ့ပါတယ်။  အဲဒီဖောက်ခွဲရေးပစ္စည်းဟာ ၁၉၃၆-၁၉၃၉ ခုနှစ် စပိန်ပြည်တွင်းစစ်အတွင်းက လက်ကျန် လက်နက် ဟုတ်၊ မဟုတ် ဆိုတာကိုတော့ ရေတပ်အထူးကျွမ်းကျင်သူတွေက သြဂုတ်လ ၂၆ ရက်နေ့မှာ လာရောက်စစ်ဆေးမှာပါ။  တာဝန်နားချိန်မှာ ရေဆင်းကူးတဲ့ ရေငုပ်ရဲတပ်ဖွဲ့တယောက်က ကမ်းခြေကနေ ပေ ၈၀ အကွာ ရေပြင်ရဲ့ ရေအောက်အနက် ၁၀ ပေမှာ အဲဒီဖောက်ခွဲရေးပစ္စည်းကို တွေ့ခဲ့တာ ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဘာစီလိုနာၿမိဳ႕ ကမ္းေျခတခု၏ ေရေအာက္ၾကမ္းျပင္တြင္ ေဖာက္ခြဲေရးပစၥည္းေတြ႕ စပိန္ႏိုင္ငံ ဘာစီလိုနာၿမိဳ႕က ကမ္းေျခတခုရဲ႕ ေရေအာက္ၾကမ္းျပင္မွာ ေဖာက္ခြဲေရးပစၥည္းတခု ေတြ႕ခဲ့တာေၾကာင့္ ၾသဂုတ္ ၂၅ ရက္ေန႔က ကမ္းေျခလာသူေတြကို ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းခဲ့ရပါတယ္။ ေရေအာက္ ၾကမ္းျပင္မွာ ေဖာက္ခြဲေရးပစၥည္းတခု ရွာေဖြေတြ႕ခဲ့တဲ့ ႐ုပ္သံဖိုင္ကိုလည္း စပိန္ရဲတပ္ဖြဲ႕က   ထုတ္ေဖာ္ျပသခဲ့ပါတယ္။ အဲဒီေဖာက္ခြဲေရးပစၥည္းဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၈၀ စပိန္ျပည္တြင္းစစ္အတြင္းက လက္နက္ပစၥည္း ျဖစ္ႏိုင္တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။ ဘာစီလိုနာၿမိဳ႕ရဲ႕ အထင္ရွားဆုံး ကမ္းေျခေတြထဲက တခုျဖစ္တဲ့ ဆန႔္ဆီဘာစတာကမ္းေျခရဲ႕ ေရေအာက္မွာ ေဖာက္ခြဲေရးပစၥည္း ေတြ႕ခဲ့တာေၾကာင့္ အဲဒီေနရာရဲ႕ ေပ ၈၀၀ ပတ္ဝန္းက်င္ကို ရဲတပ္ဖြဲ႕က လုံၿခဳံေရး ကန႔္သတ္ထားခဲ့ပါတယ္။ အဲဒီေဖာက္ခြဲေရးပစၥည္းဟာ ၁၉၃၆-၁၉၃၉ ခုႏွစ္ စပိန္ျပည္တြင္းစစ္အတြင္းက လက္က်န္ လက္နက္ ဟုတ္၊ မဟုတ္ ဆိုတာကိုေတာ့ ေရတပ္အထူးကြၽမ္းက်င္သူေတြက ၾသဂုတ္လ ၂၆ ရက္ေန႔မွာ လာေရာက္စစ္ေဆးမွာပါ။ တာဝန္နားခ်ိန္မွာ ေရဆင္းကူးတဲ့ ေရငုပ္ရဲတပ္ဖြဲ႕တေယာက္က ကမ္းေျခကေန ေပ ၈၀ အကြာ ေရျပင္ရဲ႕ ေရေအာက္အနက္ ၁၀ ေပမွာ အဲဒီေဖာက္ခြဲေရးပစၥည္းကို ေတြ႕ခဲ့တာ ျဖစ္ပါတယ္။
2 years Ago
Up