ရေအားလျှပ်စစ်စီမံကိန်း

July 16, 2021

ပါကစ္စတန်ရှိ ရေအားလျှပ်စစ်စီမံကိန်းတွင်ပေါက်ကွဲမှုဖြစ်၊ တရုတ် ၉ ဦးအပါအဝင် ၁၂ ဦးသေဆုံး

ပါကစ္စတန်အနောက်မြောက်ပိုင်း၊ ခိုင်ဘာပါ့ခ်တွမ်ခွာပြည်နယ်ရှိ တာစုရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်းခွင်မှာ လွန်းထိုးပြေးဆွဲတဲ့ မော်တော်ယာဉ်တွေ ပေါက်ကွဲမှုဖြစ်ပြီး လူတွေ သေဆုံးခဲ့တဲ့နေရာကို ပါကစ္စတန်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးကသွားရောက် ကြည့်ရှုပါတယ်။ 

ပါကစ္စတန်ရှိ တရုတ်သံရုံးအဆိုအရ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို သွားနေတဲ့အချိန် ပေါက်ကွဲမှုဖြစ်ပွားပြီး တရုတ်နိုင်ငံသား ၉ ဦးနဲ့ ပါကစ္စတန်နိုင်ငံသား ၃ ဦး သေဆုံးတာလို့ ဆိုပါတယ်။ 

မတော်တဆမှုဖြစ်ပွားပြီးနောက်မှာ တရုတ်သံရုံးဟာ တုံ့ပြန်မှုအစီအစဉ်ကို ချက်ချင်း စတင်ခဲ့ပြီး ပါကစ္စတန်စစ်တပ်၊ နိုင်ငံခြားရေးနဲ့ ပြည်ထဲရေးအာဏာပိုင်တွေကို ဆက်သွယ်ခဲ့ ပါတယ်။ 

ဒဏ်ရာရသူတွေကို အကောင်းဆုံးကုသပေးဖို့၊ တရုတ်နိုင်ငံသားတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ စီမံကိန်းတွေနဲ့ အဖွဲ့အစည်းတွေအတွက် လုံခြုံရေးတိုးမြှင့်ပေးဖို့အပြင် ဒီအဖြစ်အပျက်ကို စုံစမ်း စစ်ဆေးပေးဖို့တွေလည်း တောင်းဆိုခဲ့ပါတယ်။ 

ပေါက်ကွဲမှုဖြစ်ပွားရာကို ရောက်ရှိလာတဲ့ တရုတ်သံအမတ်ကြီး နွန်ရွန်းကို ပါကစ္စတန်စစ်တပ်က စုံစမ်းသိရှိထားတဲ့ သတင်းအချက်အလက်တွေကို အစီရင်ခံခဲ့ပါတယ်။ တရုတ်သံရုံးမှ ရဲအတိုင်ပင်ခံတစ်ဦးကတော့ မီတာ ၃၀ လောက် နက်တဲ့ ချောက်ထဲကို ဆင်းသွားပြီး မှောက်နေတဲ့ဘတ်စ်ကားကို သွားစစ်ဆေးပါတယ်။ 

တာစုရေအားလျှပ်စစ်စီမံကိန်းမှ ၀န်ထမ်းတွေ ပြောတာကတော့ ပေါက်ကွဲမှုဟာ ဗုဒ္ဓဟူးနေ့ မနက် ၇ နာရီကျော်လောက်က ဖြစ်ပွားခဲ့ပြီး မော်တော်ယာဉ်တွေဟာ သူတို့စခန်းနဲ့ ၁ ကီလိုမီတာအကွာ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်နဲ့ ၁၀ ကီလိုမီတာအကွာမှာ ဖြစ်သွားတာလို့ ဆိုပါတယ်။ 

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ၁၆ မိနစ်အကြာမှာပဲ ကယ်ဆယ်ရေးလုပ်ငန်း စတင်ခဲ့ပါတယ်။ အခင်းဖြစ်နေရာကို စီမံကိန်းထဲမှ လူ ၁၀၀ လောက်အထိ ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ခဲ့ပြီး ပါကစ္စတန်ဘက်က အနည်းဆုံးလူ ၂၀၀ လောက်ပို့ပေးပြီး အများကြီး အကူအညီပေးနေတယ်လို့ ချိုင်းနားဂေကျိုးဘာအုပ်စုကော်ပိုရေးရှင်းမှ တာစုရေအားလျှပ်စစ်စီမံကိန်းရဲ့ အမှုဆောင်လက်ထောက်မန်နေဂျာကွီကျန်းက ပြောပါတယ်။ 

6 months Ago
Up