ရေအနည်းငယ်ပြည့်

May 1, 2021

မိုးဆက်တိုက်ရွာ၍ ကန်တော်ကြီးနှင့်ကန်တော်လေး ရေအနည်းငယ်ပြည့်

ပြင်ဦးလွင်မြို့မှာ ဧပြီလနောက်ဆုံးအပတ်ကလို့ နေ့စဉ် မိုးဆက်တိုက်ရွာတာကြောင့် ကန်တော်ကြီး နဲ့ ကန်တော်လေးရေပြင် အနည်းငယ် ရေတက်လာတယ်လို့ မြို့ခံတွေဆီက သိရ ပါတယ်။ 

ပြင်ဦးလွင်မြို့မှာ လွန်ခဲ့တဲ့ ငါးနှစ်ကစပြီး ရာသီဥတုပြောင်းလဲလာကာ မိုးခေါင်တာတွေ ဖြစ်ပေါ်ရာက ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ကန် ၂ ခုရဲ့ ရေဟာ လုံးဝခန်းခြောက်ခဲ့တာပါ။

 "ဒီမနက်က သွားကြည့်တော့ ကန်တော်လေးရေပြင်က ၁၆ လက်မလောက် မြင့်တက်ခဲ့ ပါတယ်။ မိုးရွာမှ ကန်ရေ ပြန်ပြည့်မှာပါ။ မိုးပြတ်သွားရင်တော့ ပြန်ခန်းအုန်းမှာပဲ။ ဒီလိုတွေ မဖြစ်အောင် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်တာကို စီမံချက်တွေနဲ့ လုပ်ဖို့ လိုပါတယ်'' လို့ ပြင်ဦးလွင်မြို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။ 

ပြင်ဦးလွင်မြို့အနီးဝန်းကျင်မှာ သစ်တောတွေ ပြုန်းတီးလာပြီး ရေထွက်တွေက ရေ မထွက်တော့လို့  ရေခန်းတာတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

2 weeks Ago
Up