ရသေ့တောင်တွင်တိုက်ပွဲဖြစ်၍ အမျိုးသမီး ၁ ​ဦး​ကျည်ဆန်မှန် သေဆုံး၊ စာမေးပွဲများရပ်ဆိုင်း

February 21, 2019

ရသေ့တောင်တွင်တိုက်ပွဲဖြစ်၍ အမျိုးသမီး ၁ ​ဦး​ကျည်ဆန်မှန် သေဆုံး၊ စာမေးပွဲများရပ်ဆိုင်း  

ရခိုင်ပြည်နယ်၊ ​ရ​သေ့​တောင်​မြို့နယ်​၊ မင်းဖူး​ကျေးရွာမှာေ​အ​အေ ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တပ်​မ​တော်​တို့ မနေ့ကတိုက်​ပွဲဖြစ်​ပွားပြီး မင်းဖူး​ကျေးရွာနေ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တဦး ကျည်ဆန်ထိမှန် သေဆုံးသွားပါတယ်။ တိုက်ပွဲကြောင့် အခြေခံပညာ စတုတ္ထတန်းနဲ့ အဋ္ဌမတန်း ကျောင်းသားတွေ စာမေးပွဲ ဖြေဆိုနေတာကိုလည်း ရပ်တန့်ခဲ့ရတယ်လို့ မင်းဖူး​ကျေးရွာမှာ တာဝန်​ထမ်း​ဆောင်​​နေတဲ့ ဆရာတဦးက​ ပြောပါတယ်​။ “မ​နေ့က မနက် ၁၀ နာရီ​​လောက်​မှာဖြစ်​တယ်​ဆို​တော စာ​မေးပွဲစစ်​​ဆေး​နေတဲ့ စတုတ္ထတန်း ၄ ခန်းမှာ ၂ ခန်းပြီးသွားပြီး ၂ ခန်းကျန်​​နေတဲ့ အချိန်​ပါ။ အဋ္ဌမတန်းက ၂ ခန်းလုံး စစ်​​ဆေး​နေတဲ့ အချိန်​ပါ။ စတုတ္ထတန်းစာ​မေးပွဲက မနက်​ ၉ နာရီမှာ စစ်​ပြီး အဋ္ဌမတန်းကို မနက်​ ၁၀ နာရီမှာ စစစ်​တာပါ။” ကျောင်းသူကျောင်းသားတွေကို နေအိမ်အပြင်မထွက်ကြဖို့ တပ်မတော်က မနေ့ကတည်းက ညွန်ကြားထားခဲ့တယ်လို့လည်း  မင်းဖူး​ကျေးရွာက ကျောင်းဆရာကပြောပါတယ်။ “မ​နေ့က ​ကျောင်းသူ​ ကျောင်းသား​တွေကို အပြင်​ကိုမထွက်​ဖို့ တပ်​ကညွှန်​ကြားတဲ့အတွက်​ မနက်​စာ မစားရဘဲ ည​နေစာကို​တော့ အတတ်​နိုင်​ဆုံး ချက်​​ကျွေးခဲ့ရပါတယ်​။ အခု မနက်​မှာ​တော့ မိဘ​တွေက သားသမီး​တွေကို ပြန်​လာ​ခေါ်သွားကြပါပြီ။ ဒီ​နေ့ စာပွဲစစ်​​ဆေးခြင်း မရှိ​တော့ပါ။ မြန်​မာစာ၊ အင်္ဂလိပ်​စာ၊ သင်္ချာ သုံးဘာသာ စစ်​​ဆေးရတုန်းပါ။ တနင်္လာ​နေ့က စစ်​တာပါ။ စာ​မေးပွဲ စစ်​​ဆေးတာ ပျက်​သွားပါပြီ” လို့​ ပြောပါတယ်​။ မင်းဖူး​ကျေးရွာမှာ​ စတုတ္ထတန်း ​ကျောင်းသူ၊ ကျောင်းသား စုစု​ပေါင်း ၃၀ ​ကျော်နဲ့ အဋ္ဌမတန်း​ ကျောင်းသူ၊ ကျောင်းသား ၅၀ ​ကျော်​ရှိ​တယ်လို့  သိရပါတယ်​။ ဗညား
2 years Ago
Up