ရသေ့တောင်တွင်

March 24, 2018

ရသေ့တောင်တွင် ကျပ်သိန်းပေါင်း ၁၆၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ငွေကျပ်သိန်းပေါင်း ၁၆၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ရသေ့တောင်မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့  ပူးပေါင်းအဖွဲ့ဟာ မတ် ၂၂ ရက်နေ့ ညနေပိုင်းက ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာအဝင်လမ်းနဲ့ ကူးတို့ဆိပ်လမ်းဆုံမှာ အောင်သူနိုင် မောင်းနှင်ပြီး ထက်ငြိမ်းကို လိုက်ပါလာတဲ့ မော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်ပေါ်မှ ငွေကျပ် ၁၆,၃၀၂ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈၁၅,၁၀၀ ပြားတွေ ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။ အောင်သူနိုင် (၂၅) နှစ်နှင့် ထက်ငြိမ်းကို (၁၈) နှစ် တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိပါတယ်။
4 years Ago

September 24, 2017

ရသေ့တောင်တွင် ARSA အကြမ်းဖက်အဖွဲ့ဝှက်ထားသည့် လက်လုပ်မိုင်းများ တွေ့ရှိ

ရသေ့တောင်မြို့နယ်၊ မြစ်နားကျေးရွာအနီးရှိ မေယုတောင်ခြေမှာ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေ သိုဝှက်ထားတဲ့ လက်လုပ်မိုင်းတွေ တွေ့ရှိသိမ်းဆည်းရမိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနဲ့ နယ်မြေစိုးမိုးရေး လုပ်ငန်း ဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်လောက်က မြစ်နားကျေးရွာရဲ့ အရှေ့မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာမှာ ကောက်ရိုး နဲ့ ပလတ်စတစ်တွေ ဖုံးအုပ်ထားတဲ့ မြေကျင်းအတွင်းမှ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေ သိုဝှက်ထားတဲ့ ကားပစ်စတင်နဲ့ ပြုလုပ်ထားတဲ့ လက်လုပ် မိုင်း ၂ လုံးနဲ့ သံပိုက်နဲ့ပြုလုပ်ထားတဲ့ လက်လုပ်မိုင်း ၅ လုံး၊ စုစုပေါင်း လက်လုပ်မိုင်း ၇ လုံးတို့ကို တူးဖော်တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ နေရာတ၀ိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ ဆက်လက်ဆောင် ရွက်လျက်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
More News
Up