ရေဝင်သဖြင့်

August 9, 2019

ပေါင်မြို့နယ် မုတ္တမဆေးရုံတွင်း ရေဝင်သဖြင့် လူနာများအား ဘေးလွတ်ရာပြောင်းရွှေ့

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း ဒီနေ့ မနက်အစောပိုင်း ၄ နာရီလောက်ကစပြီး မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနေတာကြောင့် မုတ္တမတိုက်နယ်ဆေးရုံရှိ လူနာတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းထားခဲ့ကြပါတယ်။ ပေါင်မြို့နယ် မုတ္တမတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေကြတဲ့ ကျန်းမာရေးချို့တဲ့လူနာ ၃၁ ဦးကို သြဂုတ် ၉ရက်မနက် ၇ နာရီ ၅၀ အချိန်မှာ ရေအခြေအနေအရ ကယ်ဆယ်ရေးလှေတွေနဲ့ သယ်ထုတ်ပြီး နန်းဦးဘုန်းကြီးကျောင်းကို ယာယီရွှေပြောင်းပေးခဲ့တာဖြစ်ပါတယ်။ လတ်တလောအခြေအနေမှာ သံလွင်တံတား(မုတ္တမ)ဘက်အခြမ်းကနေ ပေါင်မြို့ကို လာရာ အဝေးပြေးကားလမ်းတလျောက် ရေ ၁ ပေကျော်လောက် မြင့်တက်နေတာကြောင့် အဝေးပြေးကားငယ်သွားလာမှုကို ခေတ္တရပ်ဆိုင်းထားတာလည်းဖြစ်ပါတယ်။ သတင်း-ယူမင်းစိုး၊ ဓာတ်ပုံ - Zaw Moe Aung
Zawgyi Version ေပါင္ၿမိဳ႕နယ္ မုတၱမေဆး႐ုံတြင္း ေရဝင္သျဖင့္ လူနာမ်ားအား ေဘးလြတ္ရာေျပာင္းေ႐ႊ႕ ဒီဗြီဘီ မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္အတြင္း ဒီေန႔ မနက္အေစာပိုင္း ၄ နာရီေလာက္ကစၿပီး မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေရႀကီးေနတာေၾကာင့္ မုတၱမတိုက္နယ္ေဆး႐ုံရွိ လူနာေတြကို ေဘးလြတ္ရာကို ေ႐ႊ႕ေျပာင္းထားခဲ့ၾကပါတယ္။ ေပါင္ၿမိဳ႕နယ္ မုတၱမတိုက္နယ္ေဆး႐ုံမွာ ေဆးကုသမႈခံယူေနၾကတဲ့ က်န္းမာေရးခ်ိဳ႕တဲ့လူနာ ၃၁ ဦးကို ၾသဂုတ္ ၉ရက္မနက္ ၇ နာရီ ၅၀ အခ်ိန္မွာ ေရအေျခအေနအရ ကယ္ဆယ္ေရးေလွေတြနဲ႔ သယ္ထုတ္ၿပီး နန္းဦးဘုန္းႀကီးေက်ာင္းကို ယာယီေ႐ႊေျပာင္းေပးခဲ့တာျဖစ္ပါတယ္။ လတ္တေလာအေျခအေနမွာ သံလြင္တံတား(မုတၱမ)ဘက္အျခမ္းကေန ေပါင္ၿမိဳ႕ကို လာရာ အေဝးေျပးကားလမ္းတေလ်ာက္ ေရ ၁ ေပေက်ာ္ေလာက္ ျမင့္တက္ေနတာေၾကာင့္ အေဝးေျပးကားငယ္သြားလာမႈကို ေခတၱရပ္ဆိုင္းထားတာလည္းျဖစ္ပါတယ္။ သတင္း-ယူမင္းစိုး၊ ဓာတ္ပုံ - Zaw Moe Aung
2 years Ago
Up