ရေလွှမ်းမိုးမှုကပ်ဘေး

August 13, 2021

မြောက်ကိုရီးယား ကမ်းခြေမြို့များ ရေလွှမ်းမိုးမှုကပ်ဘေး ရင်ဆိုင်နေရဟု အစိုးရမီဒီယာကြေညာ

မြောက်ကိုရီးယားနိုင်ငံအတွင်း အရှေ့ဘက်ကမ်းရိုးတန်း ပင်လယ်ကမ်းခြေက မြို့တွေမှာ နောက်တချီ မိုးကြီးပြီး ရေလွှမ်းမိုးမှု ကပ်ဘေးကို ရင်ဆိုင်နေရတယ်လို့ မြောက်ကိုရီးယားအစိုးရ မီဒီယာ KRT က သြဂုတ် ၁၁ ရက်မှာ ပြောပါတယ်။

ရေလွှမ်းမိုးမှုကြောင့် ကောက်ပဲသီးနှံတွေ ပျက်စီးမယ့်ဘေးကို ပိုစိုးရိမ်လာနေကြတယ်လို့လည်း ဆိုပါတယ်။

ဒေသခံတွေနဲ့ ကားတွေက ရေကြီးနေတဲ့ လမ်းတွေကို ဖြတ်သန်းသွားလာနေပုံနဲ့ နိုင်ငံမြောက်ပိုင်းက ဟမ်ဂျောင်းပြည်နယ်အတွင်း မြို့အတော်များများမှာ မြစ်ရေလျှံနေတဲ့ ပုံတွေကို KRT ရုပ်သံက ထုတ်လွှင့်ပြသပါတယ်။

ဒီရုပ်သံတွေကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်တာတော့ မဟုတ်ပါဘူး။

ဟမ်ဂျောင်းပြည်နယ်က တချို့ဒေသတွေမှာ ဩဂုတ် ၁၁ ရက်က မိုးရေချိန် ၁၁ ဒသမ ၈ လက်မထိ ရွာကျခဲ့တယ်လို့ KRT က ပြောပါတယ်။

မြောက်ကိုရီးယားဝန်ကြီးချုပ်က ရေဘေးသင့် ဒေသတွေကို သွားရောက်စစ်ဆေးခဲ့တယ်လို့ အစိုးရမီဒီယာက သြဂုတ် ၁၂ ရက်မှာ အစီရင်ခံပါတယ်။

အရှေ့ဘက်ကမ်းရိုးတန်းတလျှောက်က မြို့တွေမှာ မိုးတွေထပ်ပြီး တချီပြီးတချီ ရွာချနေလို့ ကောက်ပဲသီးနှံတွေ ပျက်စီးမှာကို စိုးရိမ်နေကြပါတယ်။

4 months Ago
Up