ရေလွှမ်

August 8, 2020

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သုံးပုံတစ်ပုံခန့် ရေလွှမ်း၊ သေဆုံးသူ ၁၆၀ ကျော်ရှိ

လွန်ခဲ့တဲ့ တစ်လကျော်ကတည်းက စခဲ့တဲ့ ရေကြီးမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ  သေဆုံးသူ  ၁၆၁ ယောက်ရှိနေပြီး  လူပေါင်း သန်းချီ အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။  ဒါ့အပြင် နိုင်ငံရဲ့ သုံးပုံတစ်ပုံခန့်ဟာ ရေလွှမ်းနေတယ်လို့ ဒေသမီဒီယာက သြဂုတ်လ ၈ ရက်မှာ ဖော်ပြလိုက်ပါတယ်။  မြို့တော် ဒါကာကနေ ကီလိုမီတာ  ၅၀ ခန့်ဝေးတဲ့  မော်ရှီဂန်ခရိုင်က နေအိမ်တွေဟာ   အနီးနားက ပတ်ဒမာမြစ်ရေကြိးမှုကြောင့် ရေမြုပ်နေပါတယ်။   ဒါကြောင့် ဒေသခံတွေဟာ  တနေရာကနေ တနေရာကို  လှေနဲ့ သွားလာနေရပြီး ကျွဲနွားတွေကို ရေမနစ်အောင်  ကုန်းမြင့်ပိုင်း ပြောင်းရွှေ့ထားရပါတယ်။   ဒါ့အပြင် ဆယ်စုနှစ် နှစ်ခုကျော်မှာ အကြာရှည်ဆုံးရေကြီးမှုကြောင့် စပါးစိုက်ခင်း ဟက်တာ ၈၀,၀၀၀ နီးပါး  ရေမြုပ်ခဲ့ရတယ်လို့  လယ်ယာစိုက်ပျိုးရေး ဝန်ကြိးဌာနက ပြောကြားပါတယ်။  ရေကြိးတာကြောင့် ကိုရိုနာဗိုင်းရပ်စ်  တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေဟာလည်း အခက်တွေ့နေပါတယ်။  သြဂုတ် ၈  ရက်အထိ ဘင်္ဂလားဒေ့ရှ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ နှစ်သိန်းခွဲကျော်ရှိပြီး သေဆုံးသူ သုံးသောင်းသုံးထောင်ကျော် ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
9 months Ago

July 19, 2020

အိန္ဒိယတွင် ရေလွှမ်းမိုးမှုကြောင့် လူ ၁ သန်းကျော် အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရ

မုတ်သုန်မိုးကြောင့် အကြီးအကျယ် ရေလွှမ်းမိုးတဲ့ဒဏ်ခံနေရတာကြောင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက လူ ၁ သန်းကျော် အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပါတယ်။ အာသံပြည်နယ်က ဒေသခံတချို့ကတော့ ရေကြီးနေတဲ့ ရပ်ကွက်တွေကနေ သူတို့ ပိုင်ဆိုင်မှုတွေကို ဖောင်နဲ့တင်ပြီး ရွှေ့ပြောင်းနေတာပါ။ အိမ်တွေရေမြုပ်တာကြောင့် လမ်းဘေးမှာ တဲထိုးနေရတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဟိမဝန္တာတောင်မှာ မြစ်ဖျားခံတဲ့ ဗြဟ္မပုတ္တရ မြစ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်သန်းစီးဆင်းပြီး မြစ်ကမ်းပါးတွေ ကျိုးပေါက်ခဲ့လို့ ပြည်နယ်အတွင်း ရွာအမြောက်အမြား ရေလွှမ်းမိုးခံနေရပါတယ်။ လက်ဖက်စိုက်ပျိုးရေးနဲ့ နာမည်ကြီးတဲ့ အာသံပြည်နယ်ဟာ နှစ်စဉ် ရာသီအလိုက် မြစ်ရေလျှံနေလို့ ရေဘေးထိန်းချုပ်ရေးအတွက် ပြည်နယ်နဲ့ ပြည်ထောင်စု အစိုးရတွေဟာ ရူပီးငွေ သန်းချီ သုံးနေရပါတယ်။  
10 months Ago
Up