ရေလမ်း

May 13, 2021

ဘင်္ဂလားဒေ့ရှ်တွင် ဘာသာရေးအားလပ်ရက် ရေလမ်းမှ နေရပ်ပြန်သူများပြားနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးကို တားမြစ်ပိတ်ပင်ထားတာကြောင့် အိဒ် အယ်လ်ဖစ်တာ ဘာသာရေး အားလပ်ရပ်အတွက် နေရပ်ပြန်မယ့်သူတွေ ထောင်ချီပြီး ကူးတို့ ရေခရီးလမ်းကို သုံးစွဲနေကြရပါတယ်။

မာဝါကူးတို့ဆိပ်ရောက်ဖို့ ပြည်သူတွေဟာ ကီလိုမီတာ ၆၀ ဝေးတဲ့  အဝေးပြေးလမ်းအတိုင်း ခြေကျင်သွားနေရတာကို မေ ၁၁ ရက်က တွေ့ရတာပါ။

 အစိုးရက မေ ၃ ရက်က စပြီး ရထားလမ်းနဲ့ ဘတ်စ်ကား လမ်းတွေအပါအဝင် ခရီးဝေး ကုန်းလမ်း သယ်ယူပို့ဆောင်ရေး အားလုံးကို ဆိုင်းငံ့ ထားခဲ့တာပါ။

 ဒါပေမဲ့ ခရီးသည်တွေအတွက် မြို့တွင်းဘတ်စ်ကား ဝန်ဆောင်မှုတွေကိုတော့ ဆက်ပြေးဆွဲ ဖို့ ခွင့်ပြုပေးထားတယ်လို့ ဒေသခံ မီဒီယာဖြစ်တဲ့ ဒါကာထရီဗြွန်း သတင်းဌာနက ရေးပါတယ်။

 မြစ်ချောင်းတွေကို ဖြတ်ကူးဖို့ကိုတော့ ရွေးချယ်ထားတဲ့ ကူးတို့ယာဉ်လိုင်း နည်းနည်းကိုသာ ခွင့်ပြု ထားပါတယ်။

 ဒါဟာလဲ မရှိမဖြစ်ကုန်စည်တွေကို သယ်ဖို့ ကုန်ကားတွေနဲ့ လူနာတင်ယာဉ်တွေ သွားလာနိုင်ဖို့ ခွင့်ပြုထားတာ ဖြစ်ပါတယ်။

 အိန္ဒိယနိုင်ငံမှာ ပထမဆုံး စတင်တွေ့ရှိ ဖော်ထုတ်ထားတဲ့ ကူးစက်နှုန်းမြင့်တဲ့ ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပထမဆုံး စတွေ့ထားပြီလို့ ကျန်းမာရေး ညွှန်မှူး တစ်ယောက်က မေ ၈ ရက်မှာ ပြောခဲ့ပါတယ်။

 ဧပြီ ၁၄ ရက်က စပြီး လေကြောင်းခရီးစဉ်တွေကို ဆိုင်းငံ့ထားပြီး မေ ၁၆ရက်က စလို့ အသွားအလာ ကန့်သတ်ပိတ်ပင်ချက် လော့ဒေါင်းကို ဖြေလျော့ပေးမယ်လို့ ရိုက်တာ သတင်းဌာနက အစီရင်ခံ ထားပါတယ်။

7 months Ago
Up