ရေရှည်အပစ်အခတ်

A d v e r t i s e m e n t With Us

June 18, 2020

ရေရှည်အပစ်အခတ်ရပ်စဲရန် နိုင်ငံတကာအသိအမှတ်ပြု လစ်ဗျားအစိုးရနှင့် တူရကီ ဆွေးနွေး

လစ်ဗျားနိုင်ငံအတွင်း တာရှည်ခံမယ့် အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးအဖြေရှာရေးနဲ့ စွမ်းအင်ရေးရာ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် လစ်ဗျားအစိုးရနဲ့ ဆွေးနွေးခဲ့တယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီးက ထရီပိုလီမြို့ အလည်အပတ်ခရီးစဉ်အတွင်း ဇွန် ၁၇ ရက်မှာ ပြောလိုက်ပါတယ်။  သူဟာ တူရကီဘဏ္ဍာရေးဝန်ကြီး၊ အမျိုးသားလုံခြုံရေးအကြံပေးနဲ့ ထောက်လှမ်းရေး အကြီးအကဲတို့နဲ့အတူ လစ်ဗျားနိုင်ငံတွင်းက နိုင်ငံတကာအသိအမှတ်ပြုအစိုးရ (GNA) နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ တူရကီအစိုးရက နိုင်ငံအရှေ့ပိုင်း အခြေစိုက်တပ်တွေကို ခုခံရာမှာ ကူညီခဲ့အပြီး ခုလို တွေ့ဆုံတာပါ။ ဗိုလ်ချုပ်ကြီး ခါလီဖှာ ဦးဆောင်ပြီး လစ်ဗျားအရှေ့ပိုင်းမှာ အခြေစိုက်တဲ့ လစ်ဗျား အမျိုးသားစစ်တပ် LNA ကို ရုရှား၊ အာရပ်စော်ဘွားများပြည်ထောင်စုနဲ့အီဂျစ်တို့က ကျော ထောက်နောက်ခံပေးထားပြီး GNA အစိုးရပိုင်နက်ကိုသိမ်းဖို့ ၁၄ လကြာစစ်ဆင်ရေး ဆင်နွှဲ နေပါတယ်။  တူရကီရဲ့ အထောက်အပံ့ကတော့  GNA အစိုးရအကြပ်အတည်း တွေ့ချိန်မှာ အရေးပါခဲ့ ပါတယ်။  စွမ်းအင်ရေးရာပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့တာကြောင့် အင်မတန်အကျိုးရှိတဲ့ ခရီးစဉ်လို့လည်း တူရကီကို ပြန်ရောက်ချိန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။  ခရီးစဉ်အတွင်း တူရကီအရာရှိတွေဟာ GNA ဝန်ကြီးချုပ် ပြည်ထဲရေးဝန်ကြီးနဲ့ ရေနံကုမ္ပဏီ အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ GNA က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ 
9 months Ago
Up