ရေမဆေးကျောက်ရှာဖွေသူ ၃ ဦး

August 20, 2021

ဖားကန့်တွင် မြေပြိုပြီး ရေမဆေးကျောက်ရှာဖွေသူ ၃ ဦး မြေစာပိ သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာမှာ  ဩဂုတ် ၂၀ ရက်၊ ဒီညနေ ၄ နာရီလောက်က  မြေပြိုမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၃ ဦး မြေစာပိ သေဆုံးသွားပါတယ်။

သာယာကုန်းကျေးရွာအဝင်မှာရှိတဲ့  ကျောက်စိမ်းတူးဖေါ်မှုကို တားမြစ်ထားတဲ့နေရာမှာ ဆက်လက်တူးဖေါ်နေတဲ့နေရာမှာ ပေ ၁၀၀ လောက်ရှိတဲ့ ကမ်းပါးပြိုကျပြီး သေဆုံးခဲ့တာပါ။

ဒေသခံ ကျေးရွာဒေသခံ တစ်ဦးက " ကမ်းပါးပြိုတဲ့နေရာက အရင်လုပ်ကွက်ဟောင်းနေရာ၊ ညနေက ၅ ယောက်တူးနေတာ။ ကမ်းပါးပြိုကျပြီး ၃ ယောက်ကတော့ပါသွားတယ်။ ၂ ယောက်လွတ်တယ်။  အခုအထိတော့ အလောင်းမတွေ့သေးဘူး"လို့ ပြောပါတယ်။

ကမ်းပါးပြိုကျတဲ့နေရာဟာ  အခုရက်ပိုင်းအတွင်း မိုးများစွာရွာသွန်းမှုများတာကြောင့် မြေပြိုမှုတွေ ဆက်လက်ဖြစ်ပေါ်နေတဲ့အတွက် အလောင်းရှာဖွေမှုမပြုလုပ်နိုင်သေးဘူးလို့လည်း သိရပါတယ်။

မိုးရာသီကာလမှာ ဖားကန့်မြို့နယ်မှာ မြေစာပုံပြိုကျတာ၊ ကမ်းပါးပြိုကျတာတွေကြောင့် ရေမဆေးကျောက်ရှာဖွေသူတွေ မကြာခဏ သေဆုံးမှုတွေရှိကာ  ၂၀၂၀  ဇူလိုင် ၂ ရက်နေ့ကလည်း ကျောက်မျက်ကုမ္ပဏီလုပ်ကွက်တွေမှာ  မြေစာပုံပြိုကျခဲ့လို့ ရေမဆေးရှာဖွေသူ ၂၀၀ လောက် သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ- (ယခင်ပုံဟောင်း)

4 months Ago
Up