ရေမဆေးကျောက်ရှာဖွေသူများ

A d v e r t i s e m e n t With Us

January 30, 2021

ကျောက်ဟောင်းများမြှုပ်ထားသည့် ကျောက်သိုက်တွေ့ရှိ၍ ရေမဆေးကျောက်ရှာသူများ တူးဖော်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ကထန်ကျေးရွာအနီးက မြေစာပုံအဟောင်းတခုမှာ ကျောက်စိမ်းအဟောင်း မြှုပ်နှံထားတဲ့ ကျောက်သိုက်တခု တွေ့ရှိခဲ့လို့ ရေမဆေးကျောက်ရှာဖွေသူတွေ တူးဖော်နေကြပါတယ်။

တချိန်က ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတခုရဲ့ စွန့်ပစ်မြေစာပုံအဟောင်းမှာ တွေ့ရှိခဲ့တာပါ။ ယခင်က မက်စ်မြန်မာ (Max Myanmar ) ကုမ္ပဏီနေရာဖြစ်ပြီး နောက်ပိုင်းမှာ တစ်သုံးလုံး ကုမ္ပဏီက မြေစာစွန့်ပစ်တဲ့နေရာ ဖြစ်တယ်လို့ ရွာသားတွေက ဆိုပါတယ်။ 

ကုမ္ပဏီက မလိုချင်လို့ မြှုပ်ပစ်ခဲ့တဲ့ကျောက်တွေ ဖြစ်ဖို့များတယ်လို့လည်း ကထန်ရွာသား ကိုမျိုးဝင်းညွန့်က ပြောပါတယ်။

“အရင်က ကုမ္ပဏီတွေက ကောင်းပေ့ဆိုတဲ့ ရှယ်တွေပဲ ယူကြတာလေ။ သိန်းပေါင်း သောင်းထပ် သိန်းထပ်တန်တဲ့ ကျောက်ကောင်းတွေပဲ ယူကြတာလေ။ သိပ်မကောင်းလောက်တဲ့ ကျောက်ဆို မယူကြဘူးလေ။”

အခုနေရာမှာ အရင်က တန်ပေါင်းများစွာ အလေးချိန်ရှိတဲ့ ကျောက်စိမ်းတုံးကြီးကို ကုမ္ပဏီတခုက ရရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

အခုတွေ့ရှိတဲ့ကျောက်ထဲမှာ သိန်းပေါင်း ရာပိုင်း၊ ထောင်ပိုင်း တန်တဲ့ ကျောက်တွေလည်း ပါရှိနိုင်ပြီး လောလောဆယ် သိန်းပေါင်း လေး ငါးဆယ်တန်တဲ့ ကျောက်တွေ ရောင်းနေရတာ တွေ့တယ်လို့လည်း သိရပါတယ်။

အမည်မဖော်လိုတဲ့ ဝယ်ရောင်းလောပန်းတဦးက “သိန်းပေါင်း ရာပိုင်း ထောင်ပိုင်း တန်တဲ့ ကျောက်တွေ ပါနိုင်တယ်ဗျ။ အခု ကျနော်တို့တောင် ဆယ်ကြီးရာပိုင်း ကျောက်တွေ ဝယ်နေရတာဗျ” လို့ ပြောပါတယ်။

သတင်း - ဇော်မိုးထက်(ဖားကန့်)

4 weeks Ago

July 2, 2020

ဖားကန့်တွင် မြေပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူများ နွံနစ်သေဆုံး   

ကချင်ပြည်နယ်၊  ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုမှာ   မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားရာ ဒီနေ့ မနက် ၁၀ နာရီလောက်အထိ  သေဆုံးသူ  ၅၀  ဦးရဲ့  ရုပ်အလောင်းတွေ ဆယ်ယူရရှိထားတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဇူလိုင် ၂ ရက် မနက် ၈ နာရီလောက်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ်ကွက်ရှိ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင် ၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းနေရာမှာ ရေမဆေးသမားတွေက ရေမဆေးကျောက်ဝင်ရောက်တူးဖော်နေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့တာပါ။  မြေပြိုကျမှုကြောင့် နွံလှိုင်းရိုက်ခတ်မှုဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေတွေ နွံနစ်မှုဖြစ်ပွားကြောင်း သတင်းရရှိလို့ မီးသတ်တပ်ဖွဲ့က သွားရောက်ကယ်ဆယ်ခဲ့ရာမှာ မနက် ၉ နာရီခွဲမှာ သေဆုံးသူတွေရဲ့ ရုပ်အလောင်း ၃၅ လောင်းနဲ့   မနက် ၁၀ နာရီမှာ ၁၅ လောင်း စုစုပေါင်း သေဆုံးသူ ၅၀ ဦးရဲ့ ရုပ်အလောင်းတွေတွေ့ရှိထားပါတယ်။ သေဆုံးသူ ၁၀၀ လောက်ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်း ထားပြီး မီးသတ်တပ်ဖွဲ့နဲ့ သက်ဆိုင်ရာက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ဓာတ်ပုံ- မီးသတ်တပ်ဖွဲ့
8 months Ago
More News
Up