ရေဘေးနှင့်ရင်ဆိုင်နေရ

July 15, 2020

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ရပ်ကွက်အချို့ ရေဘေးနှင့်ရင်ဆိုင်နေရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဇူလိုင် ၁၄ ရက်နေ့က ဧရာဝတီမြစ်ရေတိုးဝင်လာလို့ မြေနိမ့်ရပ်ကွက်တချို့မှာ ဒေသခံတွေ  ရေဘေးဒုက္ခနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ ခွန်သာရပ်ကွက်အုပ်စု၊ တပ်ကလေး- သင်္ဘောဆိပ်၊ ညောင်ပင်သာကျေးရွာသွားလမ်း၊ ပေါက်ကုန်းရပ်ကွက်အုပ်စု-ပညာ့ရိပ်သာ၊ မြေနိမ့်ပိုင်းရပ်ကွက်တွေရှိ  နေအိမ်/လမ်းကြားတွေမှာ ရေတွေဝင်ရောက်လာနေတယ်လို့  ဗန်းမော်ဒေသခံတွေကပြောပါတယ်။ ဇူလိုင် ၁၃ ရက် နေ့လယ် ၁၂နာရီခွဲအချိန် မိုးဇလဌာနရဲ့ တိုင်းထွာချက်တွေ ဗန်းမော်မြို့နယ်ရဲ့ ဧရာဝတီမြစ်ရေအမှတ်ဟာ  ၁၀၆၂  စင်တီမီတာ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်တဲ့အတွက် ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာ၊ ဆူးပုတ်ကုန်းကျေးရွာ၊ စာဝတီးကျေးရွာအတွင်း မြစ်ကမ်းဘေးမှာ နေထိုင်သူတွေ သတိပြုကြဖို့ ကြိုတင်အသိပေးနှိုးဆော်ထားပါတယ်။ လတ်တလောရေဘေးသင့် ပြည်သူတွေအတွက် ပေါက်ကုန်းရပ်ကွက်ရှိ ဓမ္မိကာရုံဘုန်းကြီးကျောင်း၊ ခွန်သာရပ်ကွက်ရှိ လေးထပ်ဘုန်းကြီးကျောင်း၊ မင်းစည်ဘုန်းကြီးကျောင်းနဲ့ ရေရှင်ဘုန်းကြီးကျောင်းတို့မှာ ရေဘေး ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ် ထားပါတယ်။ Photo - Hpauyam La Awng / MPA 
10 months Ago
Up