မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်မှာ မတ်လ ၁၁ ရက်နေ့ညနေပိုင်းက ဖမ်းဆီးခံခဲ့ရတဲ့ ရေပူဆရာတော်နဲ့ ဆန္ဒပြကျောင်းသား ပြည်သူတွေကို အမြန်ဆုံးပြန်လွတ်မြောက်ရေးအတွက် ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို ပြုလုပ်ခဲ့ကြပါတယ်။
မိုးကုတ်မြို့က ရဟန်းသံဃာ အပါး ၅၀ ကျော်နဲ့ ပြည်သူတွေက မတ် ၁၂ ရက်နေ့မှာ ပူဇော်ပွဲ ပြုလုပ်ခဲ့ကြတာပါ။။
မိုးကုတ်မြို့မှာ ရေပူဆရာတော်ကို စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စတင်ကတည်းက ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုထားတာပါ။
မိုးကုတ်မြို့မှာ မတ်လ ၁၁ ရက်နေ့ ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ဖြိုခွင်းပြီး ရေပူဆရာတော်နဲ့ ပြည်သူ ၄၀ ကျော်ကို ဖမ်းဆီးသွားခဲ့ပြီး အသက်မပြည့်သေးသူ ၁၀ ယောက်ကိုတော့ ည ၈ နာရီမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
မန္တလေးတိုင်း မိုးကုတ်မြို့မှာ မတ်လ ၁၁ ရက်နေ့ ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ဖြိုခွင်းပြီး ရေပူဆရာတော်နဲ့ ပြည်သူ ၄၀ ကျော်ကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီနေ့မနက်ပိုင်း ဆန္ဒပြပွဲမှာ ဖမ်းဆီးခံထားရသူတွေအား ပြန်လွှတ်ပေးဖို့ ညနေပိုင်း တောင်းဆိုရာမှာ ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ကျည်အစစ်နဲ့ ထပ်မံဖြိုခွင်းပြီး ဖမ်းဆီးခဲ့တာလို့ ဆန္ဒပြသူတဦးက ပြောပါတယ်။
စစ်တပ်နဲ့ရဲက ကျည်အစစ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတစ်ဦး ဒဏ်ရရှိခဲ့ပြီး အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ရာဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေသုံးပြီး မိုးကုတ်မြို့က မြတ်စေတနာလူမှုကူညီရေးရုံးကိုလည်း ဝင်စီးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးထားတဲ့ အသက်မပြည်သေးတဲ့သူ ၁၀ ယောက်လောက်ကို ၈ နာရီလောက်က ပြန်လွှတ်လိုက်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ကျန်တဲ့သူတွေကိုတော့ မြို့မရဲစခန်းမှာ ဆက်လက်ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ရေပူဆရာတော်ကို ဆန္ဒပြပွဲတွေ စလုပ်တဲ့အချိန်ထဲက ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲထားတာလို့ သိရပါတယ်။