ပစိဖိတ် သမုဒ္ဒရာအတွင်း ချီလီ ရေပိုင်နက်အနီး ရောက်လာတဲ့ တရုတ် ငါးဖမ်းသင်္ဘော တွေကို ချီလီရေတပ်က စောင့်ကြည့်နေတယ်လို့ ဒီဇင်ဘာ ၅ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ငါးဖမ်းသင်္ဘော ရာပေါင်းများစွာကို ချီလီနိုင်ငံ အာရီကေး ပါရီနာကိုတာဒေသနဲ့နီးတဲ့ နိုင်ငံတကာ ရေပိုင်နက်ထဲမှာ တွေ့ခဲ့တာပါ။
ငါးဖမ်းသင်္ဘော အများအပြားဟာ တရုတ်နိုင်ငံက လာတာဖြစ်ပြီး အရင်လ နှောင်းပိုင်းကလည်း တရုတ် ငါးဖမ်းသမား ၂ ယောက် ချီလီနိုင်ငံ တောင်ပိုင်း မာဂျဲလန် ရေလက်ကြားကို ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီရေလက်ကြားဟာ အတ္တလန္တိတ်နဲ့ ပစိဖိတ်သမုဒ္ဒရာ ၂ ခုကြားက အရေးအပါဆုံး သဘာဝ ရေလက်ကြားလည်း ဖြစ်ပါတယ်။
ချီလီပြည်တွင်း ငါးဖမ်းလုပ်ငန်းဟာ နိုင်ငံရဲ့ စီးပွားရေးကို အကြီးဆုံး ထည့်ဝင်ပံ့ပိုးနေတဲ့ လုပ်ငန်းဖြစ်ပြီး ကမ္ဘာပေါ်မှာ စီးပွားဖြစ် ငါးအဖမ်းရဆုံး ဒေသတွေထဲက တခုလည်း ဖြစ်ပါတယ်။
5 months Ago