ရေနံအနည်အနှစ်များ

October 21, 2019

ဘရာဇီး ကမ်းခြေများတွင် ရေနံအနည်အနှစ်များ သောင်တင်

ဘရာဇီးနိုင်ငံက ကမ်းခြေတွေဆီကို ရေနံအနည်အနှစ်တွေ ထူးထူးဆန်းဆန်း သောင်တင်လာနေတာ တလကျော်လောက် ရှိပါပြီ။ အောက်တိုဘာ ၁၉ ရက်နေ့မှာတော့ ခရီးသွားတွေအကြား ရေပန်းစားတဲ့ ပီနမ်ဘူကို ပြည်နယ် ပိုတို ဒီဂါလင်ဟာစ်ကမ်းခြေမှာ ရေနံအနည်အနှစ်တွေကို ဖယ်ရှားခဲ့ကြပါတယ်။ ပုံမှန်အားဖြင့် လှပတဲ့ သဲပြင်၊ အုန်းပင်တွေနဲ့ သဘာဝရေကန်တွေကြောင့် ကျော်ကြားတဲ့  ပိုတို ဒီဂါလင်ဟာစ် ကမ်းခြေမှာ ရေနံအနည်အနှစ်တွေနဲ့ ညစ်ညမ်းနေတာကြောင့် ဒေသခံတွေက ဝိုင်းဝန်းသန့်ရှင်းရေး လုပ်နေကြတာပါ။ နိုင်ငံအရှေ့မြောက်ပိုင်းက ကမ်းခြေတွေတလျှောက်မှာ သောင်တင်နေတဲ့ ရေနံစိမ်းတွေနဲ့ ပတ်သက်ပြီး လေ့လာစုံစမ်းတဲ့အခါမှာတော့ အဲဒီရေနံတွေဟာ ဘရာဇီးနိုင်ငံထဲက မဟုတ်ဘူးလို့  ဘရာဇီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာအေဂျင်စီ အိုင်ဘာမာက ထုတ်ပြန်ခဲ့ပါတယ်။ ဘရာဇီး သဘာဝပတ်ဝန်းကျင်ဝန်ကြီး ရီကာဒိုဆာလီကတော့ အဲဒီရေနံတွေဟာ ဗင်နီဇွဲလားနိုင်ငံက ရောက်လာပုံရတယ်လို့ အောက်တိုဘာ ၉ ရက်နေ့မှာ  ပြောခဲ့ပါတယ်။
2 years Ago
Up