ရေနံမနယ်မြေ

A d v e r t i s e m e n t With Us

July 12, 2020

မင်းလှမြို့နယ် ရေနံမနယ်မြေတွင် တရားမဝင်ရေနံချက်ဖို ဖမ်းမိ

မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ရေနံမနယ်မြေအတွင်းမှာ ဇူလိုင် ၁၁ ရက်နေ့က တရားမဝင်ရေနံချက်ဖို ၁ လုံး ဖမ်းဆီရမိခဲ့တယ်လို့ ရေနံမနယ်မြေရဲစခန်းက ပြောပါတယ်။ ရေနံမနယ်မြေစခန်းမှူး ရဲအုပ်အောင်မင်းဦးက “ရေနံမနယ်​မြေ ရဲစခန်းရဲ့ အနောက်မြောက်ဘက် ၄ မိုင်လောက်အကွာမှာရှိတဲ့ တောထဲကနေ တရားမဝင် ရေနံချက်ဖို တစ်လုံး၊ ဆိုင်ကယ် သုံးစီးနဲ့အတူ ရေနံ ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တာပါ။ တရားမဝင် ရေနံချက်လုပ်တဲ့ သူတွေကို စုံစမ်းဖော်ထုတ်ပြီး ဥပဒေအရ အရေးယူသွားမယ်” ဒီဗွီဘီကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ကလည်း ရေနံမနယ်မြေအတွင်းက တရားမဝင် ရေနံချက်ဖို ၅ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးခဲ့အပြီး အမှုဖွင့်ရေးယူထားတယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ တရားမဝင်ရေနံချက်လုပ်သူတွေကို ရေနံမနယ်မြေရဲစခန်းမှာ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇ နဲ့အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း-မင်းထီး၊ ဓာတ်ပုံ-ဇော်ဆိုင်း
8 months Ago

January 5, 2020

မင်းလှမြို့နယ်တွင် တရားမဝင် ရေနံချက်ဖိုများ ဖမ်းဆီးအရေးယူ

မကွေးတိုင်း သရက်ခရိုင်၊မင်းလှမြို့နယ် ရေနံမနယ်မြေရဲစခန်းအပိုင် နယ်မြေအတွင်းမှာ တရားမဝင် ရေနံချက်ဖိုတွေကို ဒီဇင်ဘာ ၃ ရက်က ဖမ်းဆီးအရေးယူခဲ့တယ်လို့ အဲဒီစခန်း တာဝန်ရှိသူကပြောပါတယ်။ တရားမဝင် ရေနံချက်ဖို့တွေနဲ့ရေနံချက်လုပ်နေတယ်လို့ သတင်းအရ ရေပေါ်ကျေးရွာရဲ့ အရှေ့ဘက် ၂ မိုင်ခန့်အကွာ တောအတွင်းမှာ ဝင်ရောက်ရှာဖွေတဲ့အချိန်မှာ အခုလိုဖမ်းဆီး ရမိတာလို့ ဆိုပါတယ်။ ရေနံချက်လုပ်ရာမှာ အသုံးပြုတဲ့ချက်ဖို ရေနံသိုလှောင်ကန်နဲ့ ရေနံချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ တရားမဝင်ရေနံချက်လုပ်နေတဲ့ လူ ၃ ဦးကို ဖမ်းဆီး အရေးယူခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်လို့ ရေနံမနယ်မြေရဲစခန်းက ရေနံနဲ့ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေ ပုဒ်မတွေနဲ့ တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။ တင်ရွှေ(မင်းဘူး)
1 year Ago
Up