ရေနံနှင့်ဓာတ်ငွေ့စက်ရုံ

September 4, 2019

မွမ်ဘိုင်းမြို့ရှိ ရေနံနှင့်ဓာတ်ငွေ့စက်ရုံ မီးလောင်

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ဆင်ခြေဖုံးက ရေနံနဲ့ ဓာတ်ငွေ့ကော်ပိုရေးရှင်းပိုင်  (ONGC) စက်ရုံမှာ မီးလောင်တာကြောင့် လူ ၄ ယောက် သေဆုံးပြီး ၃ ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်လို့ ဒေသရဲတပ်ဖွဲ့က  စက်တင်ဘာ ၃ ရက်နေ့မှာ ပြောပါတယ်။  မီးလောင်မှုကြောင့် စက်ရုံလုံခြုံရေး ဗဟိုအဖွဲ့ (CISF) က ဝန်ထမ်း  ၃ ယောက်နဲ့ ONGC မန်နေဂျာ တယောက်တို့ သေဆုံးတယ်လို့ (CISF) တာဝန်ရှိသူတဦးက ပြောပါတယ်။   မဟာရက်ရှ်ထရာပြည်နယ်အနောက်ပိုင်း အူလန်စက်ရုံမှာ စက်တင်ဘာ ၃ ရက်နေ့ မနက်ပိုင်းက မီးစလောင်ပြီး ၂ နာရီအတွင်း မီးငြှိမ်းသတ်ခဲ့တယ်လို့ (ONGC) က ပြောပါတယ်။  ONGC ကော်ပိုရေးရှင်းက နေအိမ်တွေဆီ ဦးစားပေး ဓာတ်ငွေ့ပို့ပေးဖို့ ကြိုးပမ်းနေတယ်လို့ ပြောပေမယ့် မွမ်ဘိုင်းမြို့မှာ ရှိနေတဲ့ စီအင်ဂျီစက်ရုံတချို့ဟာ အူလန်စက်ရုံက  ပြန်မပို့လွှတ်သရွေ့ အလုပ်လုပ်နိုင်မှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။   အူလန်စက်ရုံဟာ ONGC က ရေနံချက်စက်ရုံတွေဆီ ရောင်းချတဲ့ ရေနံစိမ်း  ထက်ဝက်နီးပါးနဲ့ သဘာဝဓာတ်ငွေ့ ၁၂ ရာခိုင်နှုန်းကို ချက်လုပ်တယ်လို့ ကုမ္ပဏီ အကြီးတန်း အုပ်ချုပ်ရေးအရာရှိတဦးက ပြောပါတယ်။ ဓာတ်ပုံ-Bdnews24 ~~~~~~~~~~~~~~~~~~~~~~~~~~~~ မြမ္ဘိုင္းၿမိဳ႕ရွိ ေရနံႏွင့္ဓာတ္ေငြ႕စက္႐ုံ မီးေလာင္ အိႏၵိယႏိုင္ငံ မြမ္ဘိုင္းၿမိဳ႕ဆင္ေျခဖုံးက ေရနံနဲ႔ ဓာတ္ေငြ႕ေကာ္ပိုေရးရွင္းပိုင္  (ONGC) စက္႐ုံမွာ မီးေလာင္တာေၾကာင့္ လူ ၄ ေယာက္ ေသဆုံးၿပီး ၃ ေယာက္ ျပင္းျပင္းထန္ထန္ ဒဏ္ရာရတယ္လို႔ ေဒသရဲတပ္ဖြဲ႕က  စက္တင္ဘာ ၃ ရက္ေန႔မွာ ေျပာပါတယ္။ မီးေလာင္မႈေၾကာင့္ စက္႐ုံလုံၿခဳံေရး ဗဟိုအဖြဲ႕ (CISF) က ဝန္ထမ္း  ၃ ေယာက္နဲ႔ ONGC မန္ေနဂ်ာ တေယာက္တို႔ ေသဆုံးတယ္လို႔ (CISF) တာဝန္ရွိသူတဦးက ေျပာပါတယ္။ မဟာရက္ရွ္ထရာျပည္နယ္အေနာက္ပိုင္း အူလန္စက္႐ုံမွာ စက္တင္ဘာ ၃ ရက္ေန႔ မနက္ပိုင္းက မီးစေလာင္ၿပီး ၂ နာရီအတြင္း မီးျငႇိမ္းသတ္ခဲ့တယ္လို႔ (ONGC) က ေျပာပါတယ္။ ONGC ေကာ္ပိုေရးရွင္းက ေနအိမ္ေတြဆီ ဦးစားေပး ဓာတ္ေငြ႕ပို႔ေပးဖို႔ ႀကိဳးပမ္းေနတယ္လို႔ ေျပာေပမယ့္ မြမ္ဘိုင္းၿမိဳ႕မွာ ရွိေနတဲ့ စီအင္ဂ်ီစက္႐ုံတခ်ိဳ႕ဟာ အူလန္စက္႐ုံက  ျပန္မပို႔လႊတ္သေ႐ြ႕ အလုပ္လုပ္ႏိုင္မွာ မဟုတ္ဘူးလို႔ သတိေပးထားပါတယ္။ အူလန္စက္႐ုံဟာ ONGC က ေရနံခ်က္စက္႐ုံေတြဆီ ေရာင္းခ်တဲ့ ေရနံစိမ္း  ထက္ဝက္နီးပါးနဲ႔ သဘာဝဓာတ္ေငြ႕ ၁၂ ရာခိုင္ႏႈန္းကို ခ်က္လုပ္တယ္လို႔ ကုမၸဏီ အႀကီးတန္း အုပ္ခ်ဳပ္ေရးအရာရွိတဦးက ေျပာပါတယ္။ ဓာတ္ပုံ-Bdnews24
2 years Ago
Up