ရေနံထုတ်လုပ်ရေ

September 19, 2020

၈ လကြာပိတ်ခဲ့သည့် ရေနံထုတ်လုပ်ရေး ပြန်စမည်ဟု လစ်ဗျားပြော

လစ်ဗျားနိုင်ငံမှာ  ၈ လကြာ ရေနံထုတ်လုပ်မှုကို ပိတ်ပင်ခဲ့ပြီးနောက် ပြန်ထုတ်လုပ်ခွင့် ပြုသွားမယ်လို့ ဗိုလ်ချုပ်ကြီး ခါလီဖာဟက်ဖ်တာက စက်တင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။   ခါလီဖာဟက်ဖ်တာရဲ့အရှေ့ပိုင်းတပ်ဖွဲ့တွေ ပိတ်ဆို့မှုကြောင့်  ဒီနှစ် အခုချိန်အထိ  လစ်ဗျားဟာ အမြတ်ငွေ ဒေါ်လာ ၉ ဘီလီယံ ဆုံးရှုံးထားတယ်လို့ ထရီပိုလီအခြေစိုက်ဗဟိုဘဏ်က ပြော ပါတယ်။  ဒီလို ပိတ်ဆို့တာက ငြိမ်းချမ်းရေး ဆွေးနွေးပွဲလမ်းကြောင်း ရှာဖွေရာမှာ  အတားအဆီးကြီး ဖြစ်လာပါတယ်။  "လိုအပ်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ အမြတ်ငွေ မျှမျှတတ ဖြန့်ဖြူးစေမယ့်  လုပ်ငန်း ပိုင်းဆိုင်ရာ အစီအမံတွေနဲ့ ရေနံထုတ်လုပ်တင်ပို့တာကို ပြန်စဖို့ ဆုံးဖြတ်ခဲ့တယ်" လို့ နိုင်ငံကို ထုတ်လွှင့်တဲ့ ရုပ်သံမိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီး ဟတ်ဖ်တာက ပြောကြားခဲ့ပါတယ်။   ဟက်ဖ်တာရဲ့ မိန့်ခွန်းအပြီးမှာပဲ  မြို့တော်ထရီပိုလီက  GNA အစိုးရအဖွဲ့ ဒုဝန်ကြီးချုပ်က  ရေနံထုတ်လုပ်ရေးပြန်စဖို့ ဆုံးဖြတ်ထားတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။  နောက်ပြီး အမြတ်ငွေ ခွဲဝေမှုကို ကြီးကြပ်ဖို့ ကော်မတီတရပ် ပါဝင်မယ်လို့လည်း GNA အစိုးရအဖွဲ့သတင်းထုတ်ပြန်ချက်မှာ ဖြည့်စွက်ဖော်ပြခဲ့ပါတယ်။ 
8 months Ago
Up