ရေနံတွင်း

March 16, 2020

ရေနံတွင်းထဲကျ ခွေးလေးကို သက်စွန့်ကြိုးပမ်း ကယ်ဆယ်ခဲ့သည့် လူငယ်လေး (ရုပ်သံ)

ရေနံတွင်းတခုမှာ ပြုတ်ကျနေတဲ့ ခွေးလေးတကောင်ကို လူငယ်လေးတဦးက ဇောက်ထိုးဆွဲကာ ကယ်တင်နိုင်လိုက်ပါတယ်။  ဒီဖြစ်ရပ်ဟာ တူရကီနိုင်ငံ ဒီယာဘာကာ ပြည်နယ်အရှေ့တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်ကို ဖော်ပြထားတဲ့ ဗွီဒီယိုကို Reuters သတင်းဌာနက ရရှိခဲ့  ပါတယ်။  ဗွီဒီယိုဖိုင်မှာ အီးနက်စ်တေလန်လို့ခေါ်တဲ့ အသက် ၁၀ နှစ်အရွယ် လူယ်လေးတဦးဟာ ဆီတွေနဲ့ ညစ်ပေနေတဲ့ ခွေးလေးကို ခက်ခက်ခဲခဲ ဆွဲထုတ် ကယ်တင်လိုက်နိုင်တာကို ဖော်ပြထားပါတယ်။ “ကျနော်တို့ ဒီနားကို ရောက်လာတဲ့ အသံတခုကို ကြားလိုက်ရတယ်။ တွင်းထဲကို ကြည့်လိုက်တော့ ခွေးလေးတကောင် ပြုတ်ကျနေတာ တွေ့လိုက်ရပါတယ်” လို့ တေလန်က မတ် ၁၂ ရက်မှာ ပြောပါတယ်။  ရေနံတွင်းထဲက ခွေးလေးကို ကယ်တင်ပြီးခဲ့တဲ့နောက်မှာ သူ့ကို အနီးမှာရှိတဲ့ ရေတွင်းထဲက ရေနဲ့ ဆေးကြောသန့်စင်ပေးခဲ့တယ်လို့ တေလန်က ဆက်လက်ပြောဆိုခဲ့ပါတယ်။
1 year Ago
Up