ဓာတ်ဆီလိုအပ်နေတဲ့ ဗင်နီဇွဲလားနိုင်ငံအတွက် ရေနံသယ်ဆောင်လာတဲ့ အီရန် ရေနံ တင်သင်္ဘောတွေကို လိုက်ပါ စောင့်ကြပ်သွားမယ်လို့ ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
အမေရိကန်ရဲ့ ရန်သူတော်ဖြစ်တဲ့ ဒီနှစ်နိုင်ငံဟာ အိုပက်အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ စီးပွားရေးပိတ်ဆို့ခံနေရတာကြောင့် ဒီလို လောင်စာဆီတင်ပို့မှုကိုလည်း ဝါရှင်တန်က တုံ့ပြန်ဖို့ စဉ်းစားနေတယ် ပြောပါတယ်။
ဖေါ်ကျွန်းဖောရက်စေ၊ ပတ်တူနီယာဖေါက်ဇွန်နဲ့ ကလာဗယ်လို့ အမည်ရတဲ့ ရေနံတင်သင်္ဘော တွေဟာ ရေနံစိမ်းစည် ၁ ဒသမ ၅ သန်းကို သယ်ဆောင်လာပြီး စူးအက်တူးမြောင်းကို မေလ ပထမနှစ်ပတ်မှာပဲ ဖြတ်သန်းမှာဖြစ်တယ်။
အဲဒီရေနံတင်သင်္ဘောတွေဟာ ဗင်နီဇွဲလားကို ဒီလ မေလကုန်ပိုင်းနဲ့ ဇွန်လဆန်းပိုင်းမှာ ရောက်မယ် ခန့်မှန်းထားကြပါတယ်။
ဗင်နီဇွဲလားရဲ့ ရေနံသန့်စင်ချက်လုပ်တဲ့လုပ်ငန်းဟာ တနေ့ကို ရေနံစိမ်းစည် ၁ ဒသမ ၃ သန်း ရှိပေမယ့် ရင်းနှီးမြုပ်နှံမှု နည်းတာကြောင့် နှစ်များစွာ စီးပွားရေးပြိုလဲနေတယ်လို့ ရိုက်တာသတင်းက ရေးထားပါတယ်။
8 months Ago