ရေနံဈေး

A d v e r t i s e m e n t With Us

April 23, 2020

အမေရိကန်တွင် နှစ်ပေါင်း ၂၀ အတွင်း ရေနံဈေး  စံချိန်တင်ကျဆင်း 

COVID-19 ကူးစက်မြန် ကပ်ရောဂါကြောင့် ရေနံဝယ်လိုအား ကျပြီး အမေရိကန် ရေနံဈေးဟာ  ၂၁  နှစ် အတွင်း မကြုံစဖူး   ၂၀ % ကျော် ကျဆင်းသွား ပါတယ်။ အမေရိကန် ရေနံသိုလှောင်ကန်တွေ  မကြာခင် ပြည့်သွားမယ်ဆိုတဲ့ စိုးရိမ်စိတ်တွေကြောင့်လည်း ရေနံဈေးကျခဲ့ပြီး    ရေနံကုမ္ပဏီတွေကလည်း  ပထမ ၃ လပတ်  အဆိုးဆုံး ဝင်ငွေကို အစီရင်ခံဖို့ ပြင်ဆင်နေပါတယ်။  ဧပြီ ၂၀ ရက်က  (WTI)  ရေနံဈေးနှုန်း ဇယားရဲ့ ရှေ့လမှာ  ၁၈ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး      ရေနံစိမ်းတစ်စည်ကို  အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၈၇ ဒေါ်လာအထိ ကျခဲ့ပါတယ်။    တကြိမ်မှာတော့ ‌ရေနံဈေးဟာ   ၂၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး   တစည်ကို   အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၄၇ အထိ ကျခဲ့ကာ ၁၉၉၉ မတ်လ နောက်ပိုင်း အနိမ့်ဆုံး ကျဆင်းခဲ့ပါတယ်။    ရေနံဝယ်လိုအားနည်းတဲ့အတွက်  ရေနံချက်စက်ရုံတွေက  လျှော့ချထုတ်လုပ်တာကြောင့် အိုကလာဟိုးမားပြည်နယ်ကူရှင်မြို့က  သိုလှောင်ထားတဲ့  ရေနံပမာဏဟာ မြင့်တက်လာခဲ့ပါတယ်။   ကမ္ဘာတဝန်း ရေနံဝယ်လိုအား  ၃၀ ရာခိုင်နှုန်းလောက် ကျဆင်းနေချိန်မှာ    ရေနံတွေကို လျှော့ချထုတ်လုပ်နေတယ်လို့ ရိုက်တာသတင်းက  ဖော်ပြပါတယ်။ 
10 months Ago
Up