ရေနံစိမ်းတင်ကား

July 3, 2021

အကြမ်းဖက်စစ်ကောင်စီကို အခွန်ဆောင်နေသည့် ရေနံစိမ်းတင်ကားများကို မြိုင်-PDF သတိပေး

အကြမ်းဖက်စစ်အုပ်စုကို အခွန်ဆောင်ပြီး ဖြတ်သန်းသွားလာနေတဲ့ ရေနံစိမ်းတင် ဘောက်ဆာယာဥ်တွေကို မြိုင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့က သိပေးစာ ဇူလိုင် ၂ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

မြိုင်မြို့နယ်ထဲမှာရှိတဲ့ ရေနံလုပ်ငန်းရှင်တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို ငွေကြေးပေးဆောင်ကာ ဆီတွေ သယ်ယူနေတာလို့ သိရပြီးတော့ စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့ တော်လှန်နေချိန်မှာ အကြမ်းဖက်စစ်ကောင်စီကို ငွေကြေးပေးဆောင်တဲ့အတွက် PDF(မြိုင်)အနေနဲ့ ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ဆိုပါတယ်။

သတိပေးစာထုတ်ပြန်တဲ့ အချိန်ကစလို့ ဘယ်ဆီဘောက်ဆာယာဥ်တွေမှာ မြိုင်မြို့နယ်က လမ်းမပေါ်တွေကို ဖြတ်သန်းသွားလာတာတွေမလုပ်ဖို့နဲ့ လိုက်နာမှုမရှိဘဲ အာဏာသိမ်းစစ်ကောင်စီကို ငွေပေးပြီး သွားလာနေပါက ထိရောက်စွာအရေးယူသွားမယ့်အပြင် စစ်ကောင်စီနဲ့ ပတ်သက်တဲ့သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုလည်း ကာကွယ်စောင့်ရှောက်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

7 months Ago
Up