ရနောင်းခရိုင်တွင် မူးယစ်ဆေးဝါးမှုဖြင့် မြန်မာ ၃ ဦး ဖမ်းဆီးခံရ

January 10, 2016

ရနောင်းခရိုင်တွင် မူးယစ်ဆေးဝါးမှုဖြင့် မြန်မာ ၃ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းခရိုင် ပါနန်းမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ် လုပ်ကိုင်နေတဲ့ မြန်မာ နိုင်ငံသား ၃ ဦးကို ထိုင်း အာဏာပိုင်တွေက  ဇန်န၀ါရီ ၉ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။ ထိုင်း အာဏာပိုင်တွေက ၀ယ်သုံးသူအနေနဲ့ ဆိုင်ကယ် ကယ်ရီသမား ဟန်ဆောင်ပြီး မြန်မာနိုင်ငံသား ၃ ဦးကို ပါနန်းမြို့နယ်ထဲက လှေလုပ်သားတွေနေတဲ့ အဆောင်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်း khaosod သတင်းမှာ ဖော်ပြထားပါတယ်။ အဖမ်းခံရသူတွေဟာ အသက် ၂၅ နဲ့ ၂၆ နှစ်အရွယ်တွေဖြစ်ပြီး  သက်သေခံပစ္စည်းအဖြစ် သူတို့ဆီကနေ မူးယစ်ဆေးဝါး (ရာဘ) ၂၄၁ လုံး ဖမ်းမိခဲ့ပြီး သူတို့တွေကို ရနောင်းမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားကြောင်း သတင်းက ဆိုပါတယ်။ ထိုင်း အာဏာပိုင်တွေက မြန်မာနိုင်ငံသား ၃ ဦးကို မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုအပြင် သုံးစွဲမှုနဲ့ အရေးယူ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့နယ်မှာ  အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတဦးကို ထိုင်းအာဏာပိုင်တွေက စိတ်ကြွဆေးပြား ၃၉ လုံးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
7 years Ago
Up