ရေနက်ထဲဆင်း

August 3, 2019

ရေနက်ထဲဆင်း သတင်းရိုက်ကူးခဲ့သည့် ပါကစ္စတန်သတင်းထောက်ကို ဝိုင်းဝန်းချီးကျူး

ရေကြီးနေတဲ့ အခြေအနေမှန်ကို တင်ပြနိုင်ဖို့အတွက် လည်ပင်းအထိမြုပ်နေတဲ့ ရေထဲဆင်းပြီး သတင်းထုတ်လွှင့်ခဲ့တဲ့ ပါကစ္စတန်သတင်းထောက်တစ်ယောက်ရဲ့ လုပ်ရပ်ကို ကမ္ဘာတ၀န်းလုံးက ဝိုင်းဝန်း ချီးကျူးနေကြတယ်လို့ ဩဂုတ် ၂ ရက်နေ့ OC သတင်းမှာဖော်ပြပါတယ်။  ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဖြစ်ပွားခဲ့တာပါ။ GTV News သတင်းဌာနမှာ တာဝန်ထမ်းဆောင် နေတဲ့ အာဇာဒါ ဟူစိန်လို့ခေါ်တဲ့ သတင်းထောက်တယောက်က ဒီလိုလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။  ပါကစ္စ တန်နိုင်ငံ ကော့ချက်တာဒေသက ဒေသခံတွေ အမှန်တကယ်ကြုံတွေ့နေရတဲ့ အခြေအနေကို အကောင်းဆုံး ထုတ်ဖော်ပြသနိုင်ဖို့ ဟူစိန်က ရေထဲကိုဆင်းပြီး သတင်းရိုက်ကူးခဲ့တာဖြစ်ပြီး ထွက်ပေါ်လာတဲ့ သတင်းဗွီဒီယိုမှာ ဟူစိန်ရဲ့ခေါင်းနဲ့ မိုက်ကရိုဖုန်းရေမထိစေဖို့ မြှောက်ထားတဲ့လက်ကိုပဲမြင်တွေ့ခဲ့ရပါတယ်။  “ရေက ဆက်လက်မြင့်တက်လာနေပြီး ဒေသခံတွေရဲ့ နေအိမ်တွေနဲ့ စိုက်ပျိုးသီးနှံတွေဟာ ရေနစ်မြုပ်နေပါပြီ။ ဒါပေမယ့် ဒီအခြေအနေကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဘာမှဆောင်ရွက်ပေးခြင်း မရှိသေးပါဘူး” လို့ ရေထဲမှာ ခေါင်းပဲပေါ်တော့တဲ့ ဟူစိန်က သတင်းပေးပို့ပါတယ်။  “ဒီလိုအခြေအနေကနေ အသက်ရှင်နိုင်ဖို့ ဒေသခံတွေက ဝန်ကြီးချုပ် အီရန်ခန်းနဲ့ တာဝန်ရှိသူတွေကို အမြန်ဆုံးအကူအညီပေးရေး လုပ်ဆောင်ပေးဖို့ တောင်းဆိုနေပါတယ်” လို့ ဟူစိန်က ပြောခဲ့ပါတယ်။  ဟူစိန်ရဲ့ လုပ်ဆောင်ချက်ဟာ လူမူကွန်ရက်မှာ အချိန်တိုအတွင်းပြန် လည်မျှဝေမှုများစွာရှိခဲ့ပြီး ကမ္ဘာတဝန်းလုံးက သတင်းမီဒီယာတွေမှာလည်း တမုဟုတ်ခြင်း နာမည်ကြီးသွားခဲ့ပါတယ်။  ဟူစိန်ရဲ့လုပ်ရပ်ဟာ ချီးကျူးခြင်းစရာ ကောင်းတာမှန်ပေမယ့် တစ်ဖက်မှာလဲ အန္တရာယ်များတဲ့လုပ်ရပ်အပေါ် စိုးရိမ်ပြစ်တင်နေကြပါတယ်။  “သူသာရေထဲမှာ ထိုင်နေတာမဟုတ်ဘူးဆိုရင် တက်နေတဲ့ရေအရှိန်နောက်ပါသွားဖို့ အရမ်းကို ရာခိုင်နှုန်းများနေပါတယ်။ တဖက်မှာလည်း သူ့အလုပ်ရှင်က သူ့ကိုအသက်အာမခံကြေးပေးရဖို့ အရမ်းကို ရာခိုင်နှုန်း များနေပါတယ်” လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပါတယ်။ နောက်တဦးက “ဒီထုတ်လွှင့်မှုကို ကြည့်မယ်ဆိုတာနဲ့ မီဒီယာ အဖွဲ့အစည်းတွေက သူတို့ရဲ့သတင်းထောက်တွေအပေါ် ဘယ်လိုဆက်ဆံနေသလဲဆိုတာကို မြင်တွေ့နိုင်ပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသက သတင်းထောက်တွေအတွက်ပေါ့” လို့ ‌ရေးသားထားပါတယ်။
Zawgyi Version ေရနက္ထဲဆင္း သတင္း႐ိုက္ကူးခဲ့သည့္ ပါကစၥတန္သတင္းေထာက္ကို ဝိုင္းဝန္းခ်ီးက်ဴး DVB ေရႀကီးေနတဲ့ အေျခအေနမွန္ကို တင္ျပႏိုင္ဖို႔အတြက္ လည္ပင္းအထိျမဳပ္ေနတဲ့ ေရထဲဆင္းၿပီး သတင္းထုတ္လႊင့္ခဲ့တဲ့ ပါကစၥတန္သတင္းေထာက္တစ္ေယာက္ရဲ႕ လုပ္ရပ္ကို ကမာၻတ၀န္းလုံးက ဝိုင္းဝန္း ခ်ီးက်ဴးေနၾကတယ္လို႔ ဩဂုတ္ ၂ ရက္ေန႔ OC သတင္းမွာေဖာ္ျပပါတယ္။ ဒီျဖစ္ရပ္ဟာ ၿပီးခဲ့တဲ့ သီတင္းပတ္မွာ ျဖစ္ပြားခဲ့တာပါ။ GTV News သတင္းဌာနမွာ တာဝန္ထမ္းေဆာင္ ေနတဲ့ အာဇာဒါ ဟူစိန္လို႔ေခၚတဲ့ သတင္းေထာက္တေယာက္က ဒီလိုလုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ ပါကစၥ တန္ႏိုင္ငံ ေကာ့ခ်က္တာေဒသက ေဒသခံေတြ အမွန္တကယ္ႀကဳံေတြ႕ေနရတဲ့ အေျခအေနကို အေကာင္းဆုံး ထုတ္ေဖာ္ျပသႏိုင္ဖို႔ ဟူစိန္က ေရထဲကိုဆင္းၿပီး သတင္း႐ိုက္ကူးခဲ့တာျဖစ္ၿပီး ထြက္ေပၚလာတဲ့ သတင္းဗြီဒီယိုမွာ ဟူစိန္ရဲ႕ေခါင္းနဲ႔ မိုက္က႐ိုဖုန္းေရမထိေစဖို႔ ေျမႇာက္ထားတဲ့လက္ကိုပဲျမင္ေတြ႕ခဲ့ရပါတယ္။ “ေရက ဆက္လက္ျမင့္တက္လာေနၿပီး ေဒသခံေတြရဲ႕ ေနအိမ္ေတြနဲ႔ စိုက္ပ်ိဳးသီးႏွံေတြဟာ ေရနစ္ျမဳပ္ေနပါၿပီ။ ဒါေပမယ့္ ဒီအေျခအေနကို သက္ဆိုင္ရာ အာဏာပိုင္ေတြက ဘာမွေဆာင္႐ြက္ေပးျခင္း မရွိေသးပါဘူး” လို႔ ေရထဲမွာ ေခါင္းပဲေပၚေတာ့တဲ့ ဟူစိန္က သတင္းေပးပို႔ပါတယ္။ “ဒီလိုအေျခအေနကေန အသက္ရွင္ႏိုင္ဖို႔ ေဒသခံေတြက ဝန္ႀကီးခ်ဳပ္ အီရန္ခန္းနဲ႔ တာဝန္ရွိသူေတြကို အျမန္ဆုံးအကူအညီေပးေရး လုပ္ေဆာင္ေပးဖို႔ ေတာင္းဆိုေနပါတယ္” လို႔ ဟူစိန္က ေျပာခဲ့ပါတယ္။ ဟူစိန္ရဲ႕ လုပ္ေဆာင္ခ်က္ဟာ လူမူကြန္ရက္မွာ အခ်ိန္တိုအတြင္းျပန္ လည္မွ်ေဝမႈမ်ားစြာရွိခဲ့ၿပီး ကမာၻတဝန္းလုံးက သတင္းမီဒီယာေတြမွာလည္း တမုဟုတ္ျခင္း နာမည္ႀကီးသြားခဲ့ပါတယ္။ ဟူစိန္ရဲ႕လုပ္ရပ္ဟာ ခ်ီးက်ဴးျခင္းစရာ ေကာင္းတာမွန္ေပမယ့္ တစ္ဖက္မွာလဲ အႏၲရာယ္မ်ားတဲ့လုပ္ရပ္အေပၚ စိုးရိမ္ျပစ္တင္ေနၾကပါတယ္။ “သူသာေရထဲမွာ ထိုင္ေနတာမဟုတ္ဘူးဆိုရင္ တက္ေနတဲ့ေရအရွိန္ေနာက္ပါသြားဖို႔ အရမ္းကို ရာခိုင္ႏႈန္းမ်ားေနပါတယ္။ တဖက္မွာလည္း သူ႔အလုပ္ရွင္က သူ႔ကိုအသက္အာမခံေၾကးေပးရဖို႔ အရမ္းကို ရာခိုင္ႏႈန္း မ်ားေနပါတယ္” လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားခဲ့ပါတယ္။ ေနာက္တဦးက “ဒီထုတ္လႊင့္မႈကို ၾကည့္မယ္ဆိုတာနဲ႔ မီဒီယာ အဖြဲ႕အစည္းေတြက သူတို႔ရဲ႕သတင္းေထာက္ေတြအေပၚ ဘယ္လိုဆက္ဆံေနသလဲဆိုတာကို ျမင္ေတြ႕ႏိုင္ပါတယ္။ အထူးသျဖင့္ ေက်းလက္ေဒသက သတင္းေထာက္ေတြအတြက္ေပါ့” လို႔ ‌ေရးသားထားပါတယ္။
2 years Ago
Up