နော်ဝေးမြောက်ပိုင်း ကမ်းရိုးတန်းဒေသမှာ ဇွန် ၃ ရက်နေက အင်အားပြင်းမြေပြိုမှုဖြစ်ပွားပြီး ရေထဲမျောသွားတဲ့ ခွေးလေးတစ်ကောင်ကို နော်ဝေတော်ဝင်လေတပ်က ကယ်ဆယ်ခဲ့ပါတယ်။
ရိုင်ဂျာလို့ ခေါ်တဲ့ ဒီခွေးလေးဟာ မပြိုမှုမှာ ရေထဲမျောပါသွားခဲ့ပြီးနောက် ကမ်းခြေဆီ ပြန်လည်ကူးခပ်နေစဉ် သူ့ကို မြင်တွေ့ခဲ့တာလို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ရိုင်ဂျာလေးဟာ ကယ်ဆယ်ရေးသမားတွေဆီကို တည်တည်ငြိမ်ငြိမ်နဲ့ကူးခတ်လာပြီး သိုင်းကြိုးအချည်ခံကာ ဘေးကင်းရာ ကယ်ဆယ်ပေးခံခဲ့ရပုံကို တော်ဝင်လေတပ်က ထုတ်ပြန်တဲ့ ဗွီဒီယိုဖိုင်တခုမှာ မြင်တွေ့ခဲ့ရပါတယ်။
ဒီမြေပြိုမှုဟာ မီတာ ၈၀၀ လောက်ရှည်လျားပြီး နော်ဝေနိုင်ငံ ဖင်းမတ်ဒေသ အယ်လ်တာအရပ်မှာ ဖြစ်ခဲ့တာပါ။
မြေပြိုမှုကြောင့် ဗင်ကား ၁ စီးနဲ့ အဆောက်အဦ ၈ ခု ပျက်စီးသွားပေမယ့် သေဆုံးဒဏ်ရာရရှိတာတော့ မရှိဘူးလို့ သိရပါတယ်။
9 months Ago