ရေတွင်းထဲကျသေဆုံး

July 16, 2021

အိန္ဒိယတွင် ကလေးငယ်ကို ကယ်ဆယ်ရန်ကြိုးပမ်းသူများ ရေတွင်းထဲကျသေဆုံး

အိန္ဒိယနိုင်ငံအလယ်ပိုင်း၊ မက်ဒယာပရာဒေ့ရှ်ပြည်နယ်မှာ ကလေးငယ်တယောက်ကို ကယ်ဆယ်ဖို့ ကြိုးပမ်းတဲ့ လူ ၃၀ လောက် ‌ရေတွင်းထဲကျသွားပြီးနောက်မှာ အနည်းဆုံး လူ ၃ ယောက် သေဆုံးသွားကာ ကျန်အတော်များများ ပျောက်ဆုံးနေတယ်လို့ ဒေသမီဒီယာက ထုတ်ပြန်ပါတယ်။

ANI သတင်းရဲ့အဆိုအရ ဇူလိုင် ၁၅ ရက်ညနေပိုင်းက မြို့တော်ဘိုပါးအနီးရှိ ဗိဒိသျှခရိုင် ဂန့်ဂျ် ဘာဆိုဒါကျေးရွာမှာ ကလေးတယောက် ရေတွင်းကနေ ရေငင်ဆွဲနေတုန်း ရေတွင်းထဲပြုတ်ကျသွားရာကနေ ဒီဖြစ်ရပ်ကြုံရတာလို့ ဆိုပါတယ်။

ကလေးငယ်က ခြေချော်ပြီး ရေတွင်းထဲ ကျသွားတာကို ကူညီပေးဖို့ ရွာသား သုံး၊ လေးယောက် သွားကြတယ်။ သူတို့ကို ကူညီပေးဖို့ နောက်ထပ် ရွာသား ၂၅ ယောက်ကနေ အယာက် ၃၀ လောက်က ဓာတ်မီးတွေနဲ့သွားကြတာမှာ ရေတွင်းကရွှံ့နဲ့ ရေတွင်းရဲ့ခေါင်မိုးမှာ ဒီလောက်များတဲ့လူတွေနဲ့ စုပေါင်း ကိုယ်အလေးချိန်တွေကြောင့် ‌ရေတွင်းပြိုကျသွားတာလို့ မျက်မြင်သက်သေက ဆိုပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေကို တညလုံး လုပ်ပေးနေပြီး ရေတွင်းထဲကနေ လူ ၁၉ ဦးကို ဘေးကင်းစွာကယ်ဆယ်နိုင်ခဲ့တယ်လို့ မက်ဒရာပရာဒေ့ရှ် ပြည်နယ်၀န်ကြီး ဗစ်ရှ်ဝါဆာရန်င် ကပြောပါတယ်။  သေဆုံးသူအရေအတွက် အတိအကျကို အတည်မပြုရသေးပါဘူး။

6 months Ago
Up