ရေတပ်စခန်

May 22, 2020

တက္ကဆက်ပြည်နယ် ရေတပ်စခန်းတွင် ပစ်ခတ်မှုဖြစ်၊ ရေတပ်သား ၁ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ် ရေတပ်အခြေစိုက်စခန်းတခုမှာ မေလ ၂၁ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့ပြီး ရေတပ်သား ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။  သေနတ်သမားကို အသေဖမ်းမိပြီး ဒါဟာ အကြမ်းဖက်ဝါဒနဲ့ ဆက်နွယ်နေတယ်လို့ အက်ဖ်ဘီအိုင်က ပြောပါတယ်။  သေနတ်နဲ့ပစ်ခတ်ခဲ့သူက မနက် ၆ နာရီ ၁၅ မိနစ်မှာ ကော်ပတ်စ်ခရစ်စတီးရေတပ်စခန်းထဲ ဝင်ပစ်ခဲ့တာဖြစ်ပြီး သူဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်မရသေးဘူးလို့ ရေတပ်သတင်း ပြန်ကြားရေးက ပြောပါတယ်။  မှုခင်းဖြစ်စဉ်မှာ ကျန်နေခဲ့တဲ့ အီလက်ထရွန်းနစ် မီဒီယာတခုကိုလည်း ပြည်နယ်နဲ့ ဒေသခံ အေဂျင်စီတွေနဲ့ တွဲပြီး စစ်ဆေးသွားမယ်လို့ အက်ဖ်ဘီအိုင်က  ပြောထားပါတယ်။  မနှစ်ကလည်း ဖလော်ရီဒါက ပန်ဆာကိုလာ ရေတပ်စခန်းမှာ  ဆော်ဒီသေနတ်သမား တဦးက အမေရိကန်ရေတပ်သား သုံးဦးကို သေနတ်နဲ့ ပစ်သတ်မှု ဖြစ်ခဲ့တယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။ 
11 months Ago
Up