ရေဆိုးထုတ်စက်ရုံ

July 20, 2020

အမရပူရမြို့နယ် ရေဆိုးထုတ်စက်ရုံ ရေဆိုးထုတ်မြောင်း ကျိုးပေါက်

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ စစ်ကိုင်း-မန္တလေး ကမ်းနားလမ်းမှာ အကောင်အထည်ဖော်နေတဲ့ ရွှေဂဲ ရေဆိုးထုတ်စက်ရုံက ရေဆိုးထုတ်မြောင်း ဇူလိုင်လ ၁၉ ရက်နေ့ ည ၈ နာရီကျော်က ကျိုးပေါက်ပြီး ဧရာဝတီမြစ်ရေတွေ ဝင်ရောက်နေပါတယ်။ ဖြစ်တဲ့နေရာကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ရှိသူတွေ ကွင်းဆင်းကြီးကြပ်မှုနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက စက်ယန္တရားတွေနဲ့ တားဆီးနိုင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ရွှေဂဲ ရေဆိုးထုတ်စက်ရုံဟာ မိုးတွင်းမှာ မန္တလေးမြို့ ရေကြီးရေလျှံ ကာကွယ်ရေးအတွက် ရည်ရွယ်တည်ဆောက်တာဖြစ်ပြီး အာရှဖွံ့ဖြိုးရေးဘဏ်ချေးငွေရဲ့ အစိတ်အပိုင်းနဲ့ အကောင်အထည်ဖော်တာလို့ သိရပါတယ်။
10 months Ago
Up