ရေစကြို လျှပ်စစ်ရုံး

August 9, 2021

ရေစကြို လျှပ်စစ်ရုံးအနီး ဗုံးပေါက်ကွဲ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊  EPC လျှပ်စစ်ရုံးအနီးက ဓာတ်တိုင်တွေစုပုံထားရာနေရာမှာ သြဂုတ်လ ၉ ရက် ဒီမနက် ၁၀ နာရီဝန်းကျင်က ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့  ဒေသခံတွေဆီကသိရပါတယ်။

''ဗုံးကွဲတဲ့အသံအကျယ်ကြီးလည်းကြားလိုက်တယ်။ ဒီမြို့မှာ ခဏခဏဗုံးပေါက်လို့ဆိုပြီး စစ်သားလုံခြုံရေးတွေ အများကြီးရှိနေတဲ့ကြားကပေါက်တာ။ အဲ့ဒိနားကို ပြည်သူတွေအကပ်မခံဘဲ

သူတို့တွေရှုပ်နေကြတော့ဘာတွေဖြစ်ကုန်လည်းတော့ မသိရသေးဘူး''လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရေစကြိုမြို့ ထွေအုပ်ရုံးအနီးမှာရှိတဲ့ EPC လျှပ်စစ်ရုံးဝင်းအတွင်းမှာ အကြမ်းဖက်စစ်တပ်တွေ  လုံခြုံရေး ထူထပ်စွာချထားတဲ့ကြားက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ မြို့ခံတစ်ယောက်က ဒီဗွီဘီကို  ပြောပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးတာတွေရှိနိုင်ပြီးတော့ အကြမ်းဖက်စစ်အုပ်စုကနေ ရာယူထားကာ လမ်းသွားလမ်းလာတွေကိုပါ စစ်ဆေးနေတာကြောင့် လူတွေထိခိုက်ဒဏ်ရာရမှု ရှိမရှိနဲ့ ပျက်စီးမှု အခြေအနေကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

အဆိုပါပေါက်ကွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ လတ်တလောထုတ်ပြန်မှုမရှိသေးပါဘူး။ ရေစကြိုမြို့မှာ မကြာခဏဆိုသလို ဗုံးပေါက်ကွဲမှုတွေ ဖြစ်လေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ ဇူလိုင်လ ၁၀ ရက်နေ့ကလည် လျှပ်စစ်မီတာမဆောင်တဲ့ ပြည်သူတွေရဲ့နေအိမ်တွေကို လျှပ်စစ်မီးဖြတ်တောက်တာကြောင့် EPC ရုံးဝင်းအတွင်းမှာ ရေစကြို PDF က ဗုံးဖောက်ခွဲခဲ့ပါတယ်။

4 months Ago
Up