ရေငုပ်သမားများ

A d v e r t i s e m e n t With Us

December 14, 2019

နယူးဇီလန် မီးတောင်ပေါက်ကွဲမှု သေဆုံးသူ ၂ ဦးအား ရေငုပ်သမားများ ရှာဖွေ

နယူးဇီလန် မီးတောင် ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂ ဦးရဲ့ ရုပ်အလောင်းတွေကို  ဆယ်ယူဖို့ ဒီဇင်ဘာလ ၁၄ ရက်နေ့က ရေငုပ်သမားတွေ ရှာဖွေရေး ပြန်စနေပါပြီ။ ပထမနေ့က ရုပ်အလောင်း ၆ ခုကို ပြန်ရခဲ့ပြီး ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားဖို့ အော့ကလန်မြို့ကို ပို့ဆောင်ထားပါတယ်။  ဒါ့အပြင် မီးတောင်ပေါက်မှုကြောင့် ဒဏ်ရာရသူ အယောက် ၂၀ ခန့်ဟာလည်း နယူးဇီလန်နဲ့ သြစတြေးလျမှာ အထူးကြပ်မတ်ကုသမှု ခံယူနေပါတယ်။ နယူးဇီလန် ရဲတပ်ဖွဲ့ ရေငုပ်အဖွဲ့ဝင် ၉ ယောက်ဟာ White Island ကျွန်းဝန်းကျင်မှာ  ရှာဖွေရေးလုပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ရေငုပ်ရှာဖွေရာမှာ အခက်အခဲတွေ ရှိနေပြီး တချို့နေရာတွေမှာ ရေအနက် ၆ ပေခွဲအထိသာ မြင်ကွင်း သဲသဲကွဲကွဲ မြင်ရတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago
Up