ရေခဲမြစ်

July 6, 2022

အဲ့လ်ပ်စ်တောင်တန်းပေါ်တွင် ရေခဲမြစ်အရည်ပျော်သဖြင့် အနည်းဆုံး ၇ ဦးသေဆုံး၊ ၅ ဦး ပျောက်ဆုံး

အီတလီနိုင်ငံ အဲ့လ်ပ်စ်တောင်တန်းပေါ်မှာ ဇူလိုင် ၃ ရက်က အပူချိန်မြင့်မားပြီး လူအသေအပျောက်ဖြစ်ခဲ့တဲ့ ရေခဲမြစ်အရည်ပျော်အပြီး ၄၈ နာရီကြာတဲ့အထိ အီတလီ တောင်တက်သမား ၅ ယောက် ပျောက်ဆုံးနေပါတယ်။

ထရန်တိုဒေသရဲ့ အုပ်ချုပ်ရေးအရာရှိဖြစ်သူ မာအူရီဇီယို ဖူဂါတီက သေဆုံးသူ အနည်းဆုံး ၇ ယောက် ရှိခဲ့တယ်လို့ ဇူလိုင် ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အီတလီနိုင်ငံ အရှေ့ပိုင်းက ဒိုလိုမိုက်တောင်တန်းရဲ့ အမြင့်ဆုံးအပိုင်းဖြစ်တဲ့ ပေ ၁၀,၈၃၀ မြင့်တဲ့ မာမိုလာဒါတောင် တောင်တန်းအပိုင်းမှာ ရေခဲမြစ် အရည်ပျော်ကျမှု ဖြစ်ခဲ့တာပါ။ ထရန်တိုနဲ့ ဗီနက်တိုဒေသကြားထဲက တောင်တန်းဒေသ ဖြစ်ပါတယ်။

ဇူလိုင် ၃ ရက်ကတည်းက ရဟတ်ယာဉ်တွေသုံးပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လုပ်နေဆဲဖြစ်ပြီး သေဆုံးစာရင်း တိုးလာဖွယ်လည်း ရှိပါတယ်။

အီတလီမှာ ဒီနှစ် နွေအဝင်ဟာ အရင်နှစ်တွေနဲ့မတူ ပူပြင်းတဲ့ရာသီဥတုနဲ့ ကြုံနေရပြီး အရင်က တည်တည်ငြိမ်ငြိမ်ရှိခဲ့တဲ့ ရေခဲမြစ်တွေက ဘယ်လိုဖြစ်မလဲဆိုတာကို ခန့်မှန်းရ ခက်ခဲနေပါတယ်။

ရေခဲမြစ်ရဲ့ အမြင့်ဆုံးအပိုင်းမှာ မတည်ငြိမ်သေးဘဲ ကယ်ဆယ်ရေးသမားတွေဟာ ဒရုန်းတွေ၊ ရဟတ်ယာဉ်တွေကို အသုံးပြုပြီး ပျောက်ဆုံးသူတွေ၊ သေဆုံးသူတွေကို ဆက်လက် ရှာဖွေနေရပါတယ်။

ဇူလိုင် ၄ ရက်နေ့တုန်းကတော့ လူသေအလောင်း၊ ဒါမှမဟုတ် တောင်တက်ကိရိယာတွေကို  သုံးလေးနေရာလောက်မှာ တွေ့ရှိခဲ့ရပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ ဖုံတွေနဲ့ အမှိုက်အစတွေကြောင့် ရှာဖွေရေးမှာ အကန့်အသတ် ရှိနေတယ်လို့ အဖွဲ့တွေက ပြောပါတယ်။

ဇူလိုင် ၇ ရက်နေ့မှာတော့ ရာသီဥတုက ပိုပြီး ကြည်ကြည်လင်လင် ဖြစ်လာမယ်လို့ ခန့်မှန်းထားပြီး အဲဒီအခါကျမှပဲ နိမ့်တဲ့အပိုင်းတွေဆီကို ကယ်ဆယ်ရေးအဖွဲ့တွေ ဆင်းနိုင်မယ်လို့ ဆိုပါတယ်။

5 months Ago

August 20, 2019

အရည်ပျော်သွားသည့် အိုက်စ်လန်နိုင်ငံ၏ ပထမဆုံး ရေခဲမြစ်တွင် ကမ္ပည်းတင် မော်ကွန်းကျောက်ပြား စိုက်ထူ

အိုက်စ်လန်နိုင်ငံမှာ ရာသီဥတု ပြောင်းလဲမှုကြောင့် အရည်ပျော်သွားတဲ့ အိုက်စ်လန်ရဲ့ ပထမဆုံး ရေခဲမြစ် အော်ဂျော်ကူးလ်မှာ ကမ္ပည်းတင် မော်ကွန်းကျောက်ပြား စိုက်ထူတဲ့ အခမ်းအနားကို သြဂုတ် ၁၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အိုက်စ်လန်နိုင်ငံမှာ ရေခဲမြစ်အရေအတွက် ရာချီရှိပါတယ်။ ကမ္ဘာ့ရာသီဥတုဟာ အန္တရာယ်ရှိတဲ့ အဆင့်ကို ဦးတည်လာချိန်မှာ ရေခဲမြစ်တွေ အရည်ပျော်လာတာက ကမ္ဘာကြီးပူနွေးလာတဲ့ လက္ခဏာရပ်တွေထဲက တခုဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက သုံးသပ်ကြပါတယ်။ တနင်္ဂနွေနေ့က အခမ်းအနားကို အိုက်စ်လန်နိုင်ငံ အနောက်အလယ်ပိုင်းမှာ ကျင်းပခဲ့ပြီး သိပ္ပံပညာရှင်တွေနဲ့ ဒေသခံတွေ တက်ရောက်ခဲ့ကြပါတယ်။ အော်ဂျော်ကူးလ် ရေခဲမြစ်က ပထမဆုံး အရည်ပျော်တဲ့ အိုက်စ်လန်ရေခဲမြစ်ပါ။ လာမယ့် နှစ်ပေါင်း ၂၀၀ အတွင်းမှာ ကျနော်တို့နိုင်ငံရဲ့ ရေခဲမြစ်တွေအားလုံး အလားတူ အရည်ပျော်သွားမယ်လို့ ခန့်မှန်းရကြောင်း အိုက်စ်လန်နိုင်ငံသား စာရေးဆရာ အန်ဒရီ စနဲ မက်ဂနက်ဆင်က ကမ္မည်းကျောက်ပြားပေါ်မှာ ရေးသားခဲ့ပါတယ်။ နာဆာရဲ့ ကမ္ဘာဂြိုဟ် လေ့လာစောင့်ကြည့်ရေးအဖွဲ့က ရိုက်ကူးထားတဲ့ ဂြိုဟ်တုပုံရိပ်တွေအရ ၁၉၈၆ ခုနှစ်မှာ အော်ဂျော်ကူးလ် ရေခဲမြစ်ဟာ အဖြူရောင်အစိုင်အခဲ တခုအဖြစ် ရှိနေသေးပေမယ့် အခုနှစ် သြဂုတ် ၁ ရက်နေ့က ရိုက်ကူးတဲ့ပုံအရ အသေးစား အဖြူရောင် ရေခဲအပိုင်းအစတွေသာ ကျန်ရှိပါတော့တယ်။
Zawgyi Version အရည္ေပ်ာ္သြားသည့္ အိုက္စ္လန္ႏိုင္ငံ၏ ပထမဆုံး ေရခဲျမစ္တြင္ ကမၸည္းတင္ ေမာ္ကြန္းေက်ာက္ျပား စိုက္ထူ DVB အိုက္စ္လန္ႏိုင္ငံမွာ ရာသီဥတု ေျပာင္းလဲမႈေၾကာင့္ အရည္ေပ်ာ္သြားတဲ့ အိုက္စ္လန္ရဲ႕ ပထမဆုံး ေရခဲျမစ္ ေအာ္ေဂ်ာ္ကူးလ္မွာ ကမၸည္းတင္ ေမာ္ကြန္းေက်ာက္ျပား စိုက္ထူတဲ့ အခမ္းအနားကို ၾသဂုတ္ ၁၈ ရက္ေန႔က က်င္းပခဲ့ပါတယ္။ အိုက္စ္လန္ႏိုင္ငံမွာ ေရခဲျမစ္အေရအတြက္ ရာခ်ီရွိပါတယ္။ ကမာၻ႔ရာသီဥတုဟာ အႏၲရာယ္ရွိတဲ့ အဆင့္ကို ဦးတည္လာခ်ိန္မွာ ေရခဲျမစ္ေတြ အရည္ေပ်ာ္လာတာက ကမာၻႀကီးပူေႏြးလာတဲ့ လကၡဏာရပ္ေတြထဲက တခုျဖစ္တယ္လို႔ သိပၸံပညာရွင္ေတြက သုံးသပ္ၾကပါတယ္။ တနဂၤေႏြေန႔က အခမ္းအနားကို အိုက္စ္လန္ႏိုင္ငံ အေနာက္အလယ္ပိုင္းမွာ က်င္းပခဲ့ၿပီး သိပၸံပညာရွင္ေတြနဲ႔ ေဒသခံေတြ တက္ေရာက္ခဲ့ၾကပါတယ္။ ေအာ္ေဂ်ာ္ကူးလ္ ေရခဲျမစ္က ပထမဆုံး အရည္ေပ်ာ္တဲ့ အိုက္စ္လန္ေရခဲျမစ္ပါ။ လာမယ့္ ႏွစ္ေပါင္း ၂၀၀ အတြင္းမွာ က်ေနာ္တို႔ႏိုင္ငံရဲ႕ ေရခဲျမစ္ေတြအားလုံး အလားတူ အရည္ေပ်ာ္သြားမယ္လို႔ ခန႔္မွန္းရေၾကာင္း အိုက္စ္လန္ႏိုင္ငံသား စာေရးဆရာ အန္ဒရီ စနဲ မက္ဂနက္ဆင္က ကမၼည္းေက်ာက္ျပားေပၚမွာ ေရးသားခဲ့ပါတယ္။ နာဆာရဲ႕ ကမာၻၿဂိဳဟ္ ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕က ႐ိုက္ကူးထားတဲ့ ၿဂိဳဟ္တုပုံရိပ္ေတြအရ ၁၉၈၆ ခုႏွစ္မွာ ေအာ္ေဂ်ာ္ကူးလ္ ေရခဲျမစ္ဟာ အျဖဴေရာင္အစိုင္အခဲ တခုအျဖစ္ ရွိေနေသးေပမယ့္ အခုႏွစ္ ၾသဂုတ္ ၁ ရက္ေန႔က ႐ိုက္ကူးတဲ့ပုံအရ အေသးစား အျဖဴေရာင္ ေရခဲအပိုင္းအစေတြသာ က်န္ရွိပါေတာ့တယ္။
3 years Ago
Up