ရေခဲဖုံးလွှမ်း

November 22, 2020

ရုရှားအရှေ့ဖျားရှိမြို့ မုန်တိုင်းတိုက်ခံရပြီး ရေခဲဖုံးလွှမ်း

ရုရှားနိုင်ငံအရှေ့ဖျားပိုင်း ဗလာဒီဗိုစတော့ခ်မြို့က ဒေသခံတွေဟာ လတ်တလောမှာ ဆိုင်ကလုန်းမုန်တိုင်းကို ခံရပြီးတဲ့နောက် တမြို့လုံး ရေခဲမြို့ ဖြစ်သွားတာကို တွေ့ခဲ့ကြပါတယ်။  နိုဝင်ဘာ ၂၁ ရက်မှာ သစ်ပင်တွေ၊ လမ်းမီးတိုင်တွေ၊ လမ်းညွှန်ဆိုင်းဘုတ်တွေ၊ ကားတွေနဲ့ အဆောက်အအုံတွေကို ရေခဲလွှာက ဖုံးထားတာပါ။  အပူချိန် ၃ ဒီဂရီ ဆဲလ်စီးယပ်စ်ပဲရှိတဲ့ အအေးဒဏ်ကို လျစ်လျူရှုပြီး မြို့ခံတွေ ရှုခင်း ကြည့်နေပါတယ်။  ဒေသတွင်းမှာ ကြာသပတေးနေ့က ဆိုးရွားပြင်းထန်တဲ့ အအေးဒဏ်ကနေ လူထုကို ကာကွယ်ဖို့ ရှိသမျှ ရင်းမြစ်တွေကို သုံးဖို့ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားတယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။  ၂ ရက်ကြာ မိုးရွာပြီး နှင်းကျလို့ နှစ် ၃၀အတွင်း မမြင်ဖူးတဲ့ ရှုခင်းကို မြင်ရတာ ဖြစ်ပါတယ်။ မုန်တိုင်းကြောင့်ဖြစ်တဲ့ အပျက်အစီးတွေ သက်သာစေရေး စစ်တပ်က ပါဝင်ကြိုးစားနေပြီး ယာယီနေစရာတွေကို ပြင်ဆင်ထားပြီးပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
5 months Ago
Up