ကနေဒါနိုင်ငံ၊ ကွီဘတ်ပြည်နယ် လက်ဆာဂျွန်ရေကန်အနီးမှာ ဇန်နဝါရီ ၂၁ ရက်ညက ရေခဲပြင်ကျွံကျလို့ ဧည့်လမ်းညွှန်တယောက်သေဆုံးပြီး ပြင်သစ်ခရီးသွား ၅ ယောက် ပျောက်ဆုံးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
မတော်တဆဖြစ်ချိန်မှာ ပြင်သစ်ခရီးသွား ၈ ယောက်က ဧည့်လမ်းညွှန်နဲ့အတူ စန်တော်ဟေး ဒူတဲယွန်မြို့အနီးမှာ တောင်တက်ခရီး ထွက်နေတယ်လို့ ရဲတပ်ဖွဲ့က တွစ်တာမှာ ပြောပါတယ်။
မတော်တဆဖြစ်ပြီးနောက် ခရီးသွား ၃ ယောက်ကို အယ်လ်မာမြို့ဆေးရုံကို ပို့ဆောင်ခဲ့ တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
ရေထဲကနေ ဆယ်ယူရရှိတဲ့ ဧည့်လမ်းညွှန်ကို ဆေးရုံပို့ဆောင်ခဲ့ပေမယ့် သူဟာ ဇန်နဝါရီ ၂၂ ရက် မနက်မှာ ကွယ်လွန်ခဲ့ပြီး ကျန်တဲ့ ခရီးသွား ၅ ယောက်ဟာ ပျောက်ဆုံးနေပါတယ်။
လက်ဆာဂျွန်အရပ်ဟာ ဆောင်းရာသီဆိုရင် ခရီးသွားတွေ အလာများပါတယ်။ ကနေဒါနိုင်ငံထုတ် မွန်ထရီရယ်သတင်းစာ ဖော်ပြချက်အရ ၂၀၁၀ ကနေ ၂၀၁၉ အတွင်း ကွီဘတ်ကိုလာရောက်တဲ့ နှင်းစီးယာဉ် မတော်တဆမှုအတွင်း လူ ၂၀ သေဆုံးခဲ့ပြီး အဲဒီထဲမှာ ပြင်သစ်နိုင်ငံသား ၆ ယောက် ပါဝင်တယ်လို့သိရပါတယ်။
1 year Ago