ရေခဲပန်းပု အဆောက်အအုံ

A d v e r t i s e m e n t With Us

December 23, 2020

တရုတ် ရေခဲနှင်းပွဲတော် ကျင်းပရန် ရေခဲပန်းပု အဆောက်အအုံများ ပြင်ဆင်

ကျန်းဝေနဲ့ ရာချီတဲ့ ရေခဲတူးသူတွေဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟာဘင်ပြည်နယ်က ရေခဲနေတဲ့ ဆောင်ဟွာမြစ်ထဲကနေ နေ့စဉ်အရုဏ်မတက်ခင် ရေခဲတွေတူးပြီး သယ်နေကြပါတယ်။ နှစ်စဉ် ဇန်နဝါရီ ၅ ရက်မှာ စတင်ကျင်းပမယ့် ၃၇ ကြိမ်မြောက် ဟာဘင် နိုင်ငံတကာ ရေခဲနှင်းပွဲတော်အတွက် အဆောက်အအုံတွေ၊ ရေခဲပန်းပုတွေ တည်ဆောက်ဖို့ ရေခဲတုံးတွေကို ဖန်တီးနေကြတာပါ။ ဒီဇင်ဘာလဆန်းက စပြီး နေ့တိုင်း ထောင်သောင်းချီနေတဲ့ ရေခဲတုံးတွေကို မြစ်ထဲကနေ ခွဲထုတ်ပြီး ပွဲကျင်းပမယ့်နေရာကို ကုန်ကားတွေနဲ့ သယ်ကြပါတယ်။ အဲဒီနောက် လွှတွေ၊ ဆောက်သွားတွေနဲ့ ရေခဲတွေကို ထွင်းထု ပုံဖော်ကြပါတယ်။ “လူတွေ လုပ်ထားတဲ့ ရေခဲက လေတိုက်တဲ့ဒဏ်ကို ခံနိုင်လောက်အောင် မမာဘူး၊  မြစ်ထဲက သဘာဝရေခဲက ပန်းပုထုလို့ အကောင်းဆုံးလို့ လုပ်သားတွေက ပြောပါတယ်။ စကိတ်စီးတာ၊ စွပ်ဖားလှည်း မောင်းတာ၊ စုံတွဲတွေ အစုလိုက် မင်္ဂလာဆောင်တာနဲ့ ဆောင်းတွင်း ရေကူးတာတွေကို ရောင်စုံမီးတွေနဲ့ အလှဆင်ထားတဲ့ ရေခဲပန်းပုပန်းခြံတွေမှာ ခံစား ပျော်ရွှင်နိုင်ပါတယ်။ တရုတ်နိုင်ငံဟာ လောလောဆယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် နယ်စပ်တွေကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားတာပါ။ ဒါကြောင့် ရေခဲမှတ်အောက် ၃၅ ဒီဂရီ စဲလ်စီးယပ်စ်ထိ အေးတဲ့ ဟာဘင်ပြည်နယ်မှာ လာမယ့်လ ပွဲတော်အတွက် ပြည်တွင်းဧည့်သည်တွေကိုပဲ အားကိုးထားပါတယ်။
3 months Ago
Up