ရေခဲနှင့် နှင်းပွဲတော်

January 7, 2020

နိုင်ငံတကာ ရေခဲနှင့် နှင်းပွဲတော် တရုတ်တွင် ကျင်းပ

ကမ္ဘာကျော် ရေခဲမြို့တော်ဖြစ်လာတဲ့ တရုတ်အရှေ့မြောက်ပိုင်းက ဟော့ဘင်မြို့ဟာ ၃၆ ကြိမ်မြောက် နိုင်ငံတကာ ရေခဲနဲ့ နှင်းပွဲတော်ကို ဇန်နဝါရီ ၅ ရက်က စတင် ကျင်းပပါတယ်။  ဆောင်းရာသီ ကမ္ဘာလှည့် ခရီးသည်တွေ ဝမ်းမြောက်စေမယ့် ပျော်စရာလှုပ်ရှားမှုတွေကိုလည်း ပြင်ဆင်ထားပါတယ်။  နှစ်စဉ် ကျင်းပနေကျ ပွဲတော်ဟာ ဟေလောင်ကျန်း ပြည်နယ်ရဲ့မြို့တော် ဟော့ဘင်ရဲ့ အကြီးစား ဆွဲဆောင်မှု ဖြစ်လာနေပြီလို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ ရေခဲ မီးပုံးပြပွဲ၊ ရေခဲနဲ့ နှင်းပန်းပု ပြခန်းနဲ့ ဖန်တီးမှုတွေပါတဲ့ လှုပ်ရှားမှု လေးရာကျော်ကို ပြင်ဆင်ထားပြီး နှင်းထဲမှာ ကစားရတဲ့ အားကစားနည်းတွေကိုလည်း ပြင်ဆင်ထားပါတယ်။  ဒီပွဲတော်ဟာ ဟော့ဘင်ရဲ့ ဆောင်းရာသီ ခရီးသွားလုပ်ငန်းအတွက် အဓိက ပွဲစဉ်လည်း ဖြစ်လာပါတယ်။ Photos : Photo by Liu Yang/for chinadaily.com.cn
2 years Ago
Up